အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်က အုပ်ချုပ်ရေး နယ်မြေ ၂ ခုမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ် ၈ လုံး ပျက်စီးသွားပါတယ်။
ဇွန် ၄ ရက်နေ့က ပြည်နယ်မြို့တော် ဒန်ဘာမြို့အပြင်ပိုင်းနဲ့
မြောက်ပိုင်းက ဖော့ကောလင်းမြို့အနီးတို့မှာ လေဆင်နှာမောင်းနဲ့
ကြုံလိုက်ရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ တွစ်တာ စာမျက်နှာမှာ
သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရရှိတဲ့ သတင်းတွေတော့ ထွက်ပေါ်မလာပါဘူး။
အယ်ဘတ် အုပ်ချုပ်ရေးနယ်မြေမှာ အိမ် ၅ လုံး ပျက်စီးသွားပြီး
မွေးမြူရေးခြံတွေလည်း ခြံစည်းရိုးကျိုးပျက်သွားလို့ တိရစ္ဆာန်တွေကို
ထိန်းသိမ်းဖို့ နယ်ခံအရေးပေါ် စီမံခန့်ခွဲရေးဌာနက သတိပေးချက်
ထုတ်ပြန်ထားရပါတယ်။
လာရင်မာ အုပ်ချုပ်ရေး နယ်မြေမှာလည်း အိမ်သုံးလုံး ပျက်စီးသွားခဲ့ပြီး ရေကြီးနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
DVB