Headlines News :
Home » » တနင်္သာရီတိုင်း ပြည်ထောင်စုလမ်းမတွင် ကီလိုမီတာ ယူနစ်စသုံး

တနင်္သာရီတိုင်း ပြည်ထောင်စုလမ်းမတွင် ကီလိုမီတာ ယူနစ်စသုံး

Written By Live100 on Wednesday, June 3, 2015 | 8:48 PM


|Dawei Watch| ထားဝယ်၊ ဇွန် ၂
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
ပြည်ထောင်စုလမ်းမကြီးတွင် ကီလိုမီတာတိုင်များကို
စိုက်ထူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊
တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ် မလွှဲတောင်မှ ကော့သောင်းအထိ ၅၀၄
မိုင် ၇ ဖာလုံကို ကီလိုမီတာတိုင်များ စိုက်ထူ သွားမည်ဖြစ်ကြောင်း အထက်ပါ
တာဝန်ရှိသူက ပြောသည်။
“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ စစိုက်မယ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ
ကီလိုမီတာကို ပြောင်းလဲ့ ကျင့်သုံးမယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကီလိုမီတာတိုင်များ တပ်ဆင်နေသည့်အချိန်တွင် ယခင်
အသုံးပြုလျက်ရှိသော မိုင်တိုင်များကို မဖြုတ်သေးဘဲ
မျက်စိယဉ်အောင် စိုက်ထူထားဦးမည်ဟု လမ်းဦးစီးဌာန တိုင်းဒေသကြီး
ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။
ကမ္ဘာနိုင်ငံ အသီးသီးတွင် မိုင်တိုင်ကို မသုံးပြုတော့ဘဲ
ကီလိုမီတာတိုင်ကိုသာ အသုံးပြုလျက်ရှိ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ် သော
မြန်မာနိုင်ငံတွင်လည်း ကီလိုမီတာယူနစ်ကို ကျင့်သုံးရန်
စီစဉ်ခြင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။
ယခင်က မိုင်တိုင်များကိုသာ အသုံးပြုလာသည့်အတွက် ကီလိုမီတာကို ပြောင်းလဲ
အသုံးပြုပါက နိုင်ငံခြားသားများအတွက် အဆင်ပြေသော်လည်း
မြန်မာနိုင်ငံသားများအတွက်မှု လက်တလောတွင် အခက်အခဲ အနည်းငယ်
ရှိနိုင်ကြောင်း ထားဝယ်-ရန်ကုန် ခရီးသည်တင် ယာဉ်မောင်း ဦးစိုးမြင့်က
ထောက်ပြသည်။
“ကီလိုမီတာနဲ့ဆို  ရွာတွေကို ပြန်ကျက်မှတ်ရမှာပေါ့”ဟု ဦးစိုးမြင့်က ဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်-ရေးလမ်းအထိ လမ်းပိုင်းအား တနင်္သာရီတိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံးအရှေ့မှ ကီလိုမီတာအစ အရေအတွက်ကာ မလွှဲတောင်အထိ
ကီလိုမီတာတိုင်များကို  စိုက်ထူလျက်ရှိပြီး နေပြည်တော်(သို့) ရန်ကုန်မှ
ကီလိုမီတာတိုင် များ စိုက်ထူလာသည့်အချိန်တွင် တဆက်တည်း
ကီလိုမီတာတိုင်များကို ပြန်လည် သတ်မှတ်သွားမည်ဟု လမ်းအထူး
အဖွဲ့(၂၃) ထံမှ သိရသည်။
တစ်မိုင်လျှင် ၁.၆၀၉ ကီလိုမီတာရှိပြီး တစ်ကီလိုမီတာလျှင် ၃၂၈၀ ပေ ရှိသည်ဟု သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template