၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အောင်ချက်တွေဟာ ၃၁ ကနေ ၃၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၃၇.၆ ရာခိုင်နှုန်းအထိ မြင့်သွားတာပါ။
မနှစ်က ဆိုရင် ၅ သိန်း ၄ သောင်းကျော်မှာ ၁ သိန်း ၇ သောင်းကျော် ပဲ အောင်မြင်ခဲ့ပြီး ဒီနှစ် ဖြေဆိုသူ ၅ သိန်း ၉ သောင်းကျော်မှာ ၂ သိန်း ၂ သောင်းကျော် အောင်မြင်ခဲ့တာပါ။
ဂုဏ်ထူးရသူ အရေအတွက်လည်း သိသိသာသာ ပိုများလာပြီး ဇီဝဗေဒ ဘာသာရပ်မှာ ဂုဏ်ထူး အများဆုံး ရကြတာပါ။ အင်္ဂလိပ်စာကတော့ ဂုဏ်ထူးရသူ အနည်းဆုံးဖြစ်ပြီး စုစုပေါင်း ဂုဏ်ထူးရသူ ၅ သောင်းကျော်မှာ ၁၉၀၀ ကျော်ပဲ ရှိပါတယ်။
ရန်ကုန်တိုင်းကတော့ ဂုဏ်ထူးရရှိသူ အများဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၄၀၀ ကျော်အပါအ၀င် စုစုပေါင်း တစ်သောင်းကျော်ရှိတာပါ။
ဧရာဝတီတိုင်းက ၅၁.၇၈ ရာခိုင်နှုန်းနဲ့ အောင်ချက် အကောင်းဆုံးဖြစ်ပြီး ချင်းပြည်နယ်က ၁၇.၈ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးဖြစ်ပါတယ်။
DVB