Headlines News :
Home » » မားစ်ရောဂါ တားဆီးရေး တောင်ကိုရီးယားသမ္မတ အရေးပေါ်အစည်းအဝေးခေါ်

မားစ်ရောဂါ တားဆီးရေး တောင်ကိုရီးယားသမ္မတ အရေးပေါ်အစည်းအဝေးခေါ်

Written By Live100 on Thursday, June 4, 2015 | 10:39 PM

s3.reutersmedia.net
တောင်ကိုရီးယားနိုင်ငံမှာ မားစ် (MERS) လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို တားဆီးနိုင်ဖို့အတွက် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟီးက ဇွန် ၃ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပါတယ်။
နှစ်ပတ်အတွင်း ရောဂါကူးစက်သူ ၃၀ အထိ ရှိလာတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ်မှု မြင့်မားနေပြီး ဆိုးလ်မြို့တော်တ၀ိုက်က ကျောင်းပေါင်း ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကတည်းက ပိတ်ထားပါတယ်။
သမ္မတ ပတ်ကလည်း ဒီကိစ္စတွေကို ထောက်ပြပြီး “ရောဂါတားဆီးဖို့ နည်းလမ်းအားလုံးကို အသုံးပြုရမယ်၊ စမ်းသပ်စစ်ဆေးပြီးရင် နောက်ဆုံးအခြေအနေကို ပြည်သူတွေသိအောင် ရှင်းပြဖို့လိုတယ်” လို့ ပြောပါတယ်။
ဇွန် ၃ ရက်နေ့က မားစ်ကူးစက်သူ နောက်ထပ် ၅ ယောက် တိုးလာလို့ ကူးစက်သူ ၃၀ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိပါတယ်။
အခုနောက်ဆုံး ကူးစက်ခံရသူ ၅ ဦးထဲက ၄ ဦးကိုတော့ ပထမဆုံးလူနာကို တင်ထားတဲ့ ဆေးရုံမှာပဲ ပို့ထားပါတယ်။
တောင်ကိုရီးယားမှာ ပထမဆုံး မားစ်ရောဂါ ကူးစက်တဲ့ လူနာက အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီးတဦးဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း ၄ နိုင်ငံကနေ အပြန်မှာ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။
အခုလောလောဆယ် လူအယောက် ၁၃၀၀ ကို မားစ်ရောဂါ ကူးစက်နိုင်တယ်ဆိုတဲ့ သံသယနဲ့ သီးသန့်ခွဲပြီး စောင့်ကြည့်နေပါတယ်။
အဆိုပါရောဂါဟာ ၂၀၁၂ ခုနှစ်မှာ လူကိုကူးစက်တာကို စတင်တွေ့ရှိခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ရောဂါ တမျိုးဖြစ်တဲ့ ဆားစ် (SARS) ရောဂါနဲ့လည်း အမျိုးတူပါတယ်။
ဒါပေမယ့် မားစ်ရောဂါဖြစ်ရင် သေဆုံးနိုင်ချေက ၃၈ ရာခိုင်နှုန်းရှိလို့ ဆားစ်ရောဂါထက် ပြင်းထန်ပါတယ်။ ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် ဆေးတော့ မပေါ်သေးပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းအရ တကမ္ဘာလုံးမှာ  မားစ်ရောဂါကူးစက်သူ ၁၁၆၁ ယောက်ရှိပြီး ၄၃၆ ယောက် သေဆုံးခဲ့ပါတယ်။ အများစုကတော့ အရှေ့အလယ်ပိုင်းဒေသက ဖြစ်ပါတယ်။
ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template