Headlines News :
Home » , » ဆယ်တန်း အောင်ချက်အကောင်းဆုံး ၆ နှစ် ဆက်တိုက် ဗိုလ်စွဲခဲ့သည့် မွန် ယခုနှစ် ဒုတိယချိတ်

ဆယ်တန်း အောင်ချက်အကောင်းဆုံး ၆ နှစ် ဆက်တိုက် ဗိုလ်စွဲခဲ့သည့် မွန် ယခုနှစ် ဒုတိယချိတ်

Written By Live100 on Saturday, June 6, 2015 | 9:13 PM


|Dawei Watch| မော်လမြိုင်၊ ဇွန် ၆
မြန်မာတစ်နိုင်ငံလုံး အောင်ချက် အကောင်းဆုံးအဖြစ် ၆ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သည့် မွန်ပြည်နယ်သည် ယခုနှစ်တွင် ဒုတိယ နေရာကို ရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်။
ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်သည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပြည်နယ်နှင့် တိုင်း တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၈၁၇၀ ဦး အနက် ၇၈၈၆ ဦး အောင်မြင်ကာ အောင်ချက် ၄၃ ဒဿမ ၄၀ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာကို ရရှိခဲ့ကြောင်း အထက်ပါရုံးက ထုတ်ပြန်သည်။
ဒီနှစ်အောင်ချက်နဲ့ ပတ်သက်ပြီး အားနည်းချက်၊ အားသာချက်တွေကို ပြန်လည် စိစစ်ပြီး ဇွန်လ ဒုတိယအပတ်လောက်က နေစပြီး ရထားခဲ့တဲ့ အစဉ်အလာကောင်းတွေ ဆက်ပြီးထိန်းထားနိုင်အောင် ပိုပြီးတော့လည်း အောင်မြင်အောင် ပြန်ကြိုးစား သွားပါမယ်။ လာမယ့်နှစ်မှာ အောင်ချက် အကောင်းဆုံး ပြည်နယ်ဖြစ်အောင် ပြန်လည်ကြိုးစားသွားမှာပါ” ဟု ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က ဆိုသည်။
တစ်နိုင်ငံလုံး အောင်ချက်  ဒုတိယ အကောင်းဆုံးနေရာ ရောက်သွားသော်လည်း ယခုနှစ်တွင် ၆ ဘာသာ ဂုဏ်ထူးရှင် များလာကြောင်း သိရသည်။
မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၀ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၆၀ ဦး၊ လေးဘာ သာ ဂုဏ်ထူးရှင် ၂၂၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၉၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၀၀ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၆၄၆ ဦး ရရှိကြသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်တွင် မုဒုံမြို့နယ်သည် အောင်ချက်အကောင်းဆုံးဖြစ်ပြီး အောင်ချက် ၆၃ ဒဿမ ၀၈ ရာခိုင်နှုန်း၊ ဒုတိယ အောင်ချက်အကောင်းဆုံးမှာ သံဖြူဇရပ်မြို့နယ် အောင်ချက်  ၅၃ ဒဿမ ၆၈ ရာခိုင်နှုန်းနှင့် တတိယမှာ မော်လမြိုင်မြို့နယ် အောင်ချက် ၄၇ ဒသမ ၈၉ ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။
၂၀၁၄-၂၀၁၅ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံးကို တစ်နိုင်ငံလုံးအနေဖြင့် ဧရာဝတီတိုင်းသည် ပထမဖြစ်ပြီး အောက်ချက် ၅၁ ဒဿမ ၇၈ ရာခိုင်နှုန်း၊ ဒုတိယ မွန်ပြည်နယ်တွင် အောင်ချက် ၄၃ ဒဿမ ၄၀ ရာခိုင်နှုန်း၊ တတိယ မကွေးတိုင်း တွင် အောင်ချက် ၄၀ ဒဿမ ၈၆ ရာခိုင်နှုန်း ဖြစ်သည်ဟု ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်၏ ပြီးခဲ့သည့် ၆ နှစ်က အောင်ချက် ရာနှုန်းများ
ပညာသင်နှစ်    ၂၀၀၈ - ၂၀၀၉  ၂၀၀၉-၂၀၁၀    ၂၀၁၀-၂၀၁၁    ၂၀၁၁-၂၀၁၂    ၂၀၁၂-၂၀၁၃    ၂၀၁၃-၂၀၁၄
အောင်ချက်      ၄၂.၅၀%        ၄၂.၀၈%        ၄၃.၃၃%        ၄၇.၃၈%        ၄၆.၇၅%       

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template