Headlines News :
Home » » မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

Written By Live100 on Friday, June 5, 2015 | 10:08 PM




မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်ကို ရေအောက်မှာ စမ်းသပ်ပစ်လွှတ်နေတာ ကြည့်နေတဲ့ ရုပ်သံကို မြောက်ကိုရီးယား အစိုးရမီဒီယာက ဇွန် ၄ ရက်နေ့မှာ ထုတ်လွှင့်ပြသပါတယ်။
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်ရတဲ့ ပဲ့ထိန်းဒုံးကျည်ကို ရေအောက်မှာ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့တယ်လို့ မေလ ၉ ရက်နေ့ကလည်း ကြေညာခဲ့ပါသေးတယ်။
တကယ်လို့ မှန်ခဲ့ရင် လျှို့ဝှက်တဲ့ အထီးကျန် မြောက်ကိုရီးယားဟာ ဒုံးကျည်တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ရာမှာ တိုးတက်မှုရခဲ့တဲ့ ပြယုဂ်ဖြစ်လာမှာပါ။
ဒီစမ်းသပ်မှုကို ကင်ဂျုံအန်းက ကမ်းလွန်ပင်လယ်တနေရာကနေ ကြီးကြပ် ကွပ်ကဲနေခဲ့တယ်လို့ ဆိုဆိုပါတယ်။ ဒါပေမယ့် စမ်းသပ်ပစ်လွှတ်တဲ့ နေရာနဲ့ အချိန်ကိုတော့ အစိုးရမီဒီယာက အသေးစိတ် မပြောခဲ့ပါဘူး။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် နည်းပညာကို သုံးစွဲမှုရော တိုးတက်အောင် ထုတ်လုပ်မှုကိုပါ မလုပ်ဖို့ ကုလသမဂ္ဂရဲ့ တားမြစ်ပိတ်ပင်မှုအောက်မှာ ရှိနေပါတယ်။
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော တပ်မဟာအတွက် ဒုံးကျည်တပ်ဆင်နိုင်မှု တိုးတက်အောင် လုပ်တာ မြင်ရပေမယ့် ပညာရှင်တွေက အစိုးရမှာ ဒီစနစ် တည်ဆောက်လည်ပတ်နိုင်ဖို့ ဘဏ္ဍာရေးနဲ့ နည်းပညာ ရှိပါ့မလားဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဆက်သွယ်ရေးဂြိုဟ်တု အပါအဝင် စစ်ဘက်နဲ့ အာကာသပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေ အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ ဒါပေမယ့် ပြင်ပ ပညာရှင်တွေက ဟုတ်မှန်မှု ရှိမရှိ လွတ်လွတ်လပ်လပ် စစ်ဆေးနိုင်မှု မရှိခဲ့ပါဘူး။
၂၀၁၂ ဒီဇင်ဘာကလည်း မြောက်ကိုရီးယားဟာ တာဝေးပစ်ဒုံးကျည်မှာ ပစ္စည်းတခုတပ်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်နိုင်ခဲ့တာကြောင့် နိုင်ငံတကာက စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်ကျော်ပြီး ဒုံးကျည်နဲ့ ပစ်ခတ်နိုင်စွမ်းအထိ တိုးမြှင့်ထုတ်လုပ် သုံးစွဲနိုင်ပါတယ်။
မနှစ်ကလည်း တာလတ်ပစ် ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ် စမ်းသပ်ခဲ့လို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ပြစ်တင်ရှုတ်ချခဲ့ပါသေးတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template