Headlines News :
Home » » တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထားဝယ်ခရိုင်တွင် လောင်းလုံး အောင်ချက်မြင့်

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထားဝယ်ခရိုင်တွင် လောင်းလုံး အောင်ချက်မြင့်

Written By လွင့်မောင်မောင် on Saturday, June 6, 2015 | 10:58 PM


============================================
၆ ဇွန်လ ၂၀၁၅

၂၀၁၄- ၂၁၀၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်လိုက်ပြီဖြစ်ရာလောင်းလုံးမြို့နယ်က အောင်ချက်ရာနှုန်း ၄၁.၃၈ % ဖြင့် ထားဝယ်ခရိုင်အတွင်းအမြင့်ဆုံးဖြစ်ခဲ့သည်။လောင်းလုံးမြို့နယ်တွင် ဖြေဆိုသူ ၇၂၅ ဦးအနက် ၃၀၀ ဦးအောင်မြင်ခဲ့ခြင်းဖြစ်သည်။ထားဝယ်မြို့နယ်အနေဖြင့် ဖြေဆိုသူ ၂၄၂၆ဦး
ရှိခဲ့ပြီး ၉၆၉ ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာနှုန်း ၃၉.၉၄ % ရခဲ့သည်။တိုင်းဒေသကြီးအတွင်းတွင်မူ ထားဝယ်ခရိုင်အတွင်းဖြေဆိုသူ ၄၆၄၅ ဦးအနက် ၁၈၅၄ ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာနှုန်း ၃၉.၀၅ % ၊မြိတ်ခရိုင်အတွင်းဖြေဆိုသူ ၇၁၅၅ ဦးအနက် အောင်မြင်သူ ၂၃၈၉ ဦးရှိကာ အောင်ချက်ရာနှုန်း ၃၃.၃၉ %ရရှိခဲ့သည်။တနင်္သာရီတိုင်း
ဒေသကြီးအတွင်း ဖြေဆိုသူ ၁၂၉၄၄ ဦးရှိပြီး ၄၅၁၆ ဦးအောင်မြင်ကာ အောင်ချက်ရာနှုန်း ၃၄.၈၉ % ရရှိခဲ့ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template