စင်ကာပူ ဆီးဂိမ်း ကနူးလှေပြိုင်ပွဲမှာ မြန်မာက ကိုဝင်းထိုက်နဲ့ စိုင်းမင်းဝေတို့အတွဲက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ် ရယူပေးနိုင်ခဲ့ပါတယ်။
၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ကျင်းပနေပြီး မြန်မာအားကစားအဖွဲ့က ရွှေ ၁၊ ငွေ ၁၊ ကြေး ၂ နဲ့ နိုင်ငံအလိုက် အဆင့် ၇ မှာ ရပ်တည်နေပါတယ်။