Headlines News :
Home » » တနင်္သာရီတိုင်းတွင် ယခုဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းဝင် တံတား ၅ စင်း အပြီးသတ်မည်

တနင်္သာရီတိုင်းတွင် ယခုဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းဝင် တံတား ၅ စင်း အပြီးသတ်မည်

Written By Live100 on Wednesday, June 3, 2015 | 8:56 PM


|Dawei Watch| ထားဝယ်၊ ဇွန် ၃
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးရှိ စီမံကိန်းဝင်
သံကူကွန်ကရစ် တံတား ၅ စင်းကို အပြီးသတ် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြာေးရးမှူးရု
ံးမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ် - ရေး လမ်းမကြီးပေါ်ရှိ ကလိန်အောင်တံတား၊ တံတားဖြူနှင့်
ရေဖြူတံတား၊ ထားဝယ် - မြိတ် လမ်းမကြီးပေါ်ရှိ ပလောက်တံတားနှင့်
ပြည်ခြားတံတားတို့ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်းတွင် အပြီးသတ်မည်ဟုသာ ပြောပြီး မည်သည့်အချိန်တွင်
ပြီးမည်ကိုမူ အတိအကျ ထုတ်ဖော် မပြောပေ။
“တံတားဆောက်လုပ်ရေး ပစ္စည်း အချိန်မီ ရောက်ရှိမလာရင် ခန့်မှန်းထားတာထက်
နောက်ကျခဲ့လေ့ရှိတယ်” ဟု လမ်းဦးစီးဌာန၊
တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံးမှ အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ပေအရှည် ၆၈၀ ရှိသည့် ရေဖြူတံတားနှင့် ပေအရှည် ၅၀၀ ရှိသည့်
ပလောက်တံတားတို့မှာ ၉၀ ရာနှုန်းပြီးစီးနေပြီဖြစ်ပြီး ပေအရှည် ၆၆၀ ရှိသည့်
ကလိန်အောင်တံတားနှင့် ယင်းတံတားအနီးရှိ ပေ ၁၈၀ ရှိ တံတားဖြူမှာ ၇၃
ရာခိုင်နှုန်းနှင့် ၇၈ ရာခိုင်နှုန်း ပြီးစီးနေပြီဟု သိရသည်။
ပေ ၃၀၀ ရှိသည့် ပြည်ခြားတံတားမှာ ၅၁ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အထက်ပါ
ဌာနမှ ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပေ ၁၈၀ နှင့် အထက်ရှိ တံတားများကို စီမံကိန်း
ဝင်တံတားအဖြစ် သတ်မှတ်ကြောင်း သိရသည်။
တိုင်းဒေသကြီး အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးအပေါ်တွင် စီမံကိန်းဝင်တံတား
၁၉စီးရှိသည့်အနက် ထားဝယ်-ရေး လမ်းမကြီး တွင် တံတား ၆ စင်း၊
ထားဝယ်-မြိတ်လမ်းမကြီးတွင် တံတား ၁၀စင်း၊ မြိတ်-ကော့သောင်းလမ်းမကြီးတွင်
၃ စင်း အသီးသီး ဆောက်လုပ်ထားသည်ဟု ယင်းဌာန၏ မှတ်တမ်းအရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပေ၁၈၀နှင့် အထက် တံတား ၂၃စင်းရှိပြီး
အရှည်ဆုံး တံတားဖြစ်သည့် ကျွဲကူး-ကျောက်ဖျာ တံတားမှာ ၃၆၁၂ ပေ၊ ဒုတိယ
အရှည်ဆုံးဖြစ်သည့် ကမြောကင်းတံတား မှာ ပေအရှည် ၁၁၀၀ပေရှိ သည်ဟု
သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template