Headlines News :
Home » » မားစ်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသည်များ တောင်ကိုရီးယားခရီးစဉ် ဖျက်သိမ်း

မားစ်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသည်များ တောင်ကိုရီးယားခရီးစဉ် ဖျက်သိမ်း

Written By Live100 on Friday, June 5, 2015 | 9:30 PM


တောင်ကိုရီးယားနိုင်ငံတွင်း မားစ်ရောဂါ ကူးစက်ပြန့်ပွားနေတာကို ကမ္ဘာလှည့် ခရီးသည်တွေက ကြောက်နေကြလို့ နိုင်ငံတွင်း လာရောက်လည်ပတ်မယ့် ခရီးစဉ်ကို ထောင်နဲ့ချီတဲ့ လူတွေက ဖျက်သိမ်းခဲ့ကြပါတယ်။
၂ ပတ်အတွင်း လူပေါင်း ၃၅ ယောက်ကို ကူးစက်ခဲ့ပြီး ၃ ယောက် သေဆုံးခဲ့လို့ ခရီးသည်တွေ စိုးရိမ် ကြောက်လန့်နေခဲ့ကြတာပါ။
နိုင်ငံတွင်း ကျောင်းပေါင်း ၉၀၀ ကျော် ပိတ်ထားရပြီး လူ ၁၃၆၉ ယောက်ကို ရောဂါခြေချုပ်နဲ့ ထားရပါတယ်။
ဆိုးလ်မြို့တော်က ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာ မြောင်ဒုံးမှာတော့ ခရီးသည်တွေက မျက်နှာဖုံးစွပ်တွေကို ဝတ်ထားပါတယ်။ အခြေအနေက မလုံခြုံဘူးလို့ ခံစားရတယ်ဆိုပြီး ခရီးသည်တယောက်က ပြောပါတယ်။
အင်ချုံလေဆိပ်ကို ရောက်ကတည်းက လူတွေ မျက်နှာဖုံးစွပ် ဝတ်ထားတာတွေ့တော့ ရောဂါတခုခု အနားမှာရှိတာ ဖြစ်ရမယ်လို့ တွေးမိပြီး မျက်နှာဖုံးစွပ် ၀တ်လိုက်တာလို့ မလေးရှားခရီးသည် တဦးက ပြောပါတယ်။
ဇွန် ၁ ရက်က လူ ၂၅၀၀ နဲ့ ၂ ရက်နေ့က ၄၅၀၀ ခရီးစဉ် ဖျက်သိမ်းခဲ့ကြတယ်လို့ တောင်ကိုရီးယား ခရီးသွားလုပ်ငန်းအဖွဲ့က ပြောပါတယ်။
တရုတ်ခရီးသည်ကတော့ အစောပိုင်းက ခရီးစဉ်ဖျက်သိမ်းဖို့ စဉ်းစားခဲ့ပေမယ့် ဘွဲ့ယူခရီးစဉ်မို့ လာခဲ့ရတာလို့ ပြောပါတယ်။
ဇွန် ၄ ရက်နေ့ အစောပိုင်းကပဲ ကူးစက်ခံလူနာကို ကုသပေးနေတဲ့ ကျန်းမာရေး လုပ်သား ၂ ယောက် အပါအဝင် နောက်ထပ် ၅ ယောက်ကို ကူးစက်ခဲ့လို့ ကူးစက်ခံဦးရေ ၃၅ ယောက် ဖြစ်သွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံတွင်း ကူးစက်မှုအားလုံးဟာ မားစ်ရောဂါကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို သွားရောက် လည်ပတ်ခဲ့တဲ့ အမျိုးသားတယောက်ဆီကနေ မြစ်ဖျားခံခဲ့တာပါ။
အသက်ရှူလမ်းကြောင်းရောဂါ မားစ်ဟာ ၂၀၀၂ ခုနှစ်က ကမ္ဘာတလွှား ကူးစက်ခဲ့ပြီး လူအယောက် ၈၀၀ လောက် သေဆုံးခဲ့ရတဲ့ ကူးစက်မြန်ပြီး ပြင်းထန်တဲ့ အဆုတ်ယောင် ရောဂါပိုး ဆားစ်နဲ့ မျိုးဗီဇအုပ်စုချင်း တူပါတယ်။
ကူးစက်မှုအသစ်တွေကြောင့် ကမ္ဘာတလွှား မားစ်ကူးစက်ခံရသူ ၁၁၇၉ ယောက်ရှိပြီး အနည်းဆုံး ၄၄၂ ယောက် သေဆုံးခဲ့ပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template