Headlines News :
Home » » ယန်စီမြစ်အတွင်း တရုတ်သင်္ဘောကို ပြန်တည့်မတ်

ယန်စီမြစ်အတွင်း တရုတ်သင်္ဘောကို ပြန်တည့်မတ်

Written By လွင့်မောင်မောင် on Friday, June 5, 2015 | 9:30 PM

 
 5 ဇွန် 2015
တရုတ် နိုင်ငံမှာ ယန်စီ မြစ်အတွင်း တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင် သင်္ဘောကို ကယ်ဆယ်ရေး အဖွဲ့တွေက ပြန်လည် တည့်မတ် လိုက်နိုင်ပြီ ဖြစ်ပါတယ်။

Eastern Star ဆိုတဲ့ အဲဒီ သင်္ဘောဟာ တနင်္လာနေ့ ညက မုန်တိုင်းမိပြီး တိမ်းမှောက်ခဲ့ရာမှာ ခရီးသည် အများစု ဖြစ်တဲ့ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

လိုက်ပါသွားတဲ့ ခရီးသည် ၄၅၆ ဦး အနက် ၁၄ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့တဲ အတွက် တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် အတွင်း အဆိုးရွားဆုံး သင်္ဘော မတော်တဆမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။

နောက်ထပ် အသက်ရှင် ကျန်ရစ်သူ ထပ်တွေ့ရဖို့ အလားအလာ မရှိသလောက်ပဲလို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

သင်္ဘောကို ပြန်လည် တည့်မတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ ခရီးသည်တွေရဲ့ အခန်းပေါင်း ၁၅၀ စလုံးကို လှည့်လည်ပြီး အလောင်းတွေကို ရှာဖွေကြမှာ ဖြစ်ပါတယ်။

အခုချိန်အထိ ခရီးသည် ၉၇ ဦးရဲ့ အလောင်းတွေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။
BBC
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template