Headlines News :
Home » » ထားဝယ် ခေါင်းလောင်း ရေစက်ချပွဲ ကာချူပ်တက်ရောက်

ထားဝယ် ခေါင်းလောင်း ရေစက်ချပွဲ ကာချူပ်တက်ရောက်

Written By Live100 on Friday, June 5, 2015 | 3:56 PM


|Dawei Watch| ထားဝယ်၊ မေ ၎
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီ နှစ်
၂၅၀ပြည့် အထိမ်းအမှတ် မော်ကွန်းအဖြစ် သွန်းလုပ်ခဲ့သော
ကြေးခေါင်းလောင်းတော်ကြီး ရေစက်ချ မင်္ဂလာ အခမ်းအနားသို့ တပ်မတော်
ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး
ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းအခမ်းအနားကို ဘုရားကြီးဝင်းအတွင်းရှိ ရွှေတောင်စား စေတီတော် မဟာ
ဓမ္မာရုံ၌  ဇွန်လ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းလောင်းတော်ကြီး
သွန်းလုပ်ရန် ကြေးစင်အလှုရှင်ဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှ
င့်
ဇနီးတို့နှင့်အတူ တပ်မတော်အရာရှိကြီးများ၊ ကြေးထည်နှင့် အလှူငွေများ
ပါဝင် လှူဒါန်းခဲ့ကြသော အခြားအလှူရှင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်မည့် ထားဝယ်စီမံကိန်း ဧရိယာ အနီးရှိ
ရေဖြူမြို့နယ် မယင်းကြီးကျေးရွာရှိ စေတီ ထီးတော်တင်ပွဲကိုလည်း
တက်ရောက်မည်ဟု သိ၇သည်။
အလေးချိန် သွန်းလောင်းခဲ့သော  ကြေးပိဿာ ၁၁၇၇၇.၄ ရှိ ယင်းခေါင်းလောင်းကို
မန္တလေးတိုင်းဒေသကြီး၊
အမရပူရမြို့၊ တမ္ပ၀တီရပ်ကွက်တွင် သွန်းလောင်းခဲ့ပြီး မေလ ၂၆ ရက်နေ့တွင်
ထားဝယ်သို့ စတင်သယ်ယူခဲ့ရာ ဇွန် လ ၁ ရက်နေ့တွင် ထားဝယ်
ဘုရားကြီးဝင်းအတွင်း စတင်နေရာချထားခဲ့သည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template