Headlines News :
Home » » သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း

သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း

Written By Live100 on Wednesday, June 3, 2015 | 11:19 PM


ခင်မမအောင်တွေဆုံမေးမြန်းသည်။

Question :: မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေ တည်ဆောက်ဖို့သင့်မသင့်ဆိုတာနဲ့ပတ် သက်ပြီး ဆရာကြီးရဲ့သဘောထားက ဘယ်လိုရှိပါ သလဲ။
Answere :: ဥပမာ-ကိုယ်ဟာ ဗိုက်အရမ်းဆာနေတယ် ဆိုရင် အသိုးတွေ စားမလား၊ အကောင်းတွေ စားမလား။ လူပဲ ကောင်းတာပဲ စားမှာပေါ့။ လျှပ်စစ်ဒုဝန်ကြီးက ပြောတယ်။ လိုအပ်လို့ လုပ်ရမယ်ဆိုတော့ မကောင်း လည်း ကိစ္စမရှိဘူးဆိုတဲ့သဘောပေါ့။ အဲဒီလို မပြော သင့်ဘူး။ သူ့အနေနဲ့ ဆင်ခြင်စဉ်းစားသင့်ပါတယ်။ ထင် ရာမြင်ရာ ပြောလို့မရပါဘူး။ ဒီပစ္စည်းက ကောင်းလား၊ မကောင်းလား ကြည့်ရမှာပေါ့။ ဆရာတို့တိုင်းပြည်မှာ နောက်ထပ် ဆင်းရဲစရာလည်း မရှိတော့ပါဘူး။ အဆုံး ထိရောက်နေပါပြီ။ ကိုယ့်ဆီကနေ ကောင်းတာတွေရှိ ရဲ့သားနဲ့ ကောင်းတာတွေ ရောင်းလိုက်ပြီး အသိုးတွေ ကျန်တော့မှ စားခိုင်းလို့ မဖြစ်ဘူးလေ။ ကိုယ့်ဆီမှာရှိ တဲ့ ဓာတ်ငွေ့တွေ ရောင်းစားပြီးမှ မကောင်းတာတွေ လုပ်လို့ အဆင်မပြေဘူးလေ။ ဆရာကတော့ မကြိုက် ပါဘူး။
Question:: မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့စက်ရုံတွေ တကယ်ရော လိုအပ်ပါသလား။
Answer :: မြန်မာနိုင်ငံမှာ အဓိကလိုအပ်တာက လျှပ် စစ်ဓာတ်အားပါ။ အဲဒါကို ဆိုလာစွမ်းအင်တို့၊ သဘာ ဝဓာတ်ငွေ့တို့၊ ရေအားတို့ကနေ ထုတ်ယူလို့ ရနေတာ ပဲ။ ကိုယ့်ဆီမှာ မရှိတာလည်း မဟုတ်ဘူးလေ။ တော ရွာတွေမှာဆိုရင် ဆိုလာမီးတွေ အသုံးပြုလို့ ရနေကြ တာပဲ။ မိထ္ထီလာဘက်မှာဆိုရင် အိမ်တိုင်းမှာ ဆိုလာနဲ့ ပဲ မီးလင်းတာပါ။ တစ်ရွာလုံး မီးလင်းနေတာပဲ။ ဘာ ဖြစ်လို့ ဒါကြီးကို လုပ်ချင်နေတာလဲ။
Question :: ကျောက်မီးသွေးစက်ရုံတွေနဲ့ ပတ်သက်ရင် ထည့်ထည့် ပြောလေ့ရှိတဲ့ Clean Coal Teah နည်းပညာအပေါ်မှာရော ဆရာ ဘယ်လိုမြင်ပါသလဲ။
Answer :: လုပ်လို့မရလို့ ဘယ်သူမှမလုပ်တာပါ။Clean Coal Tech က တကယ်ကောင်းတယ်ဆိုရင် ဂျပန်က ဘာဖြစ်လို့ နျူကလီးယားကို အတင်းလုပ်ချင်နေတာလဲ။ တရုတ်ကရော ဘာလို့ ကျောက်မီးသွေးစက်ရုံ ၅ဝဝဝ ကျော်ကို ပိတ်ပစ်ရတာလဲ၊ ထိုင်းကရော မဲမောက်က ၅ဝဝ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးစက်ရုံကို ဖျက်ရတာ လဲ။ ကောင်းရင် သူတို့ပဲ အရင်လုပ်မှာပေါ့။ တရုတ်ဆို ကျောက်မီးသွေးအကောင်းစားတွေ ထွက်တာပဲ။ သူတို့ ကျတော့ မလုပ်ဘဲနဲ့ ဆရာတို့ကျမှ လုပ်ရမယ်ဆိုတော့ ဒါ... သဘာဝမကျဘူး။ အဲဒီတော့ သဘာဝမကျတာ တွေ လုပ်တာကိုတော့ အဆင်မပြေဘူးလို့ ဆရာထင် တာပဲ။ မကောင်းဘူးပေါ့။
Question :: မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ကျောက် မီးသွေးကနေ ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်မယ် လို့ ပညာရှင်တစ်ယောက်အနေနဲ့ ယူဆပါသလဲ။
Answer :: လိုအပ်ချက်ရှိတာထက် ပိုနေတာကို ပြန် ရောင်းဖို့ လုပ်နေတာပါ။ အံဒင်မှာဆိုရင် သွားကြည့်ပါ။ ပိုတောင် ပိုနေသေးတယ်။ ပိုနေလို့ ပြန်ရောင်းတယ်လို့ ပြောမှာပေါ့။ အခုလုပ်ဖို့ ကြိုးစားနေတာတွေက ပိုနေ တာတွေ တခြားနိုင်ငံတွေကို ပြန်ရောင်းဖို့ လုပ်နေတာ ပါ။ သူတို့ရည်ရွယ်ချက်ကို ကြည့်ပါ။ လိုအပ်တယ်ဆိုပြီး မျက်စိမှိတ် ပြောလို့မရပါဘူး။
Question::ကျောက်မီးသွေးစက်ရုံတွေကနေ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။
Answer::ကျောက်မီးသွေးကို အရင်ဆုံး နိုင်ငံခြားက နေ ဝယ်ရမယ်။ ပြီးရင် ပုံထားမယ်။ ၅ဝဝ မဂ္ဂါဝပ် ထုတ် မယ့် ကျောက်မီးသွေးစက်ရုံမှာဆိုရင် အဲဒီကနေဆာလဖာလ်ဒိုင်အောက်ဆိုက်အမှုန့်တွေ။ တစ်နှစ်ကို တန် ချိန် သန်းနဲ့ချီပြီးတော့ကို ထွက်တာ။ အဲဒီကနေ အက် စစ်မိုးတွေအဖြစ်ရွာရင် မြေဆီလွှာတွေ ပျက်စီးမယ်၊ မြစ် ချောင်းအင်းအိုင်တွေ ပျက်စီးပြီး ရေနေသတ္တဝါတွေ သေ ကုန်မှာပေါ့။ နောက်ဆုံး ဒေသခံတွေ အသက်အန္တရာယ် တွေထိခိုက်ပြီး ဒုက္ခရောက်မှာပေါ့။
Question :: ကမ္ဘာပေါ်မှာ ကျောက်မီးသွေးစက်ရုံတွေကြောင့် ဖြစ် ပေါ်ခဲ့တဲ့ ဆိုးကျိုးတစ်ခုလောက် ပြောပြပေးပါ။
Answer::ထိုင်းနိုင်ငံ မဲမောက်မှာဆိုရင် ၅ဝဝ မဂ္ဂါဝပ် ရှိတဲ့ ကျောက်မီးသွေးစက်ရုံပေါ့။ အဲဒီကထွက်တဲ့ ဘေး ထွက်ဆိုးကျိုးတွေကြောင့် ဒေသခံ ပြည်သူသုံးရာကျော် လောက် သေဆုံးခဲ့တယ်။ သေတော့ ဆန္ဒပြတယ်။ ဒါ ကြောင့် ထိုင်းအစိုးရက ဒီစက်ရုံကို ပိတ်ပစ်ခဲ့တာပေါ့။ မြန်မာနိုင်ငံမှာ လာလုပ်တယ်ဆိုတာလည်း သူတို့ဆီမှာ လုပ်လို့မရတော့လို့ ရောက်လာတာပေါ့။ ဒါကို ဒီမှာရှိ တဲ့ဝန်ကြီးတွေ သိသင့်တာပေါ့။
Question :: တခြားနိုင်ငံတွေမှာရော ဘာကြောင့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်ခွင့်မပြု တာပါလဲ။
Answer :: ဒါကတော့ သူတို့ညံ့လို့ နေမှာပေါ့။ မြန်မာ ပြည်က အရမ်းတော်တော့ လေရှိသမျှ အကုန်ရောင်း စားပြီးတော့ ပြည်သူတွေ ဒုက္ခရောက်ကုန်တာ။ အဲဒါကို ဖြစ်တယ်ဆိုပြီးတော့ လုပ်ကို လုပ်ရမယ်ပြောနေတာပေါ့။
Question:: ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်ပြီး ဆရာဘာပြော ချင်ပါသေးလဲ။
Answer :: ဆရာပြောချင်တာကတော့ ပြည်ထောင်စု ဝန်ကြီးတွေနားမလည်ဘဲ ဘာမှ မပြောသင့်ဘူး။ တိုင်း ပြည်တိုးတက်ဖို့အတွက် ကျွန်တော်တို့ လေ့လာနေပါ တယ်။ လိုအပ်ရင် လုပ်ရမယ်လို့ပြောရမယ့်အစား လုပ် ကို လုပ်ရမယ်လို့ ပြောတာတော့ မကောင်းပါဘူး။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 
Yangon Media Group

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template