Headlines News :
Home » » ထားဝယ်တွင် ပထမဆုံး တရားစီရင်ရေးမဏ္ဍိုင်ကို တစ်ကိုယ်တော်ဆန္ဒပြ

ထားဝယ်တွင် ပထမဆုံး တရားစီရင်ရေးမဏ္ဍိုင်ကို တစ်ကိုယ်တော်ဆန္ဒပြ

Written By Live100 on Monday, June 1, 2015 | 10:55 PM


|Dawei Watch| ထားဝယ်၊ ဇွန် ၁
အမွေဆိုင်အိမ်ကိစ္စကို ဥပဒေနှင့်အညီ မဆောင်ရွက်ပေးဟုဆိုကာ ထားဝယ်တွင်
တရားစီရင်ရေးမဏ္ဍိုင်ကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်ေ
တ်ာရှေ့တွင် ပထမဆုံး
တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။
အမွေဆိုင်အိမ်ကို ညီဖြစ်သူက အရောင်းအ၀ယ်ပြုလုပ်သည့်ကိစ္စတွင် ၀ယ်သူက
နေအိမ်ကို မရသောကြောင့် ညီဖြစ်သူအား တရားစွဲသည့်အမှုတွင်
ထားဝယ်ခရိုင်တရားရုံးက ၀ယ်သူဘက်ကို အနိုင်ပေးခဲ့သည်။
ထို့နောက် နေအိမ်တွင် ၀ရမ်းလာကပ်စဉ် ကန့်ကွက်ခဲ့သည်ကို
ထားဝယ်ခရိုင်တရားရုံးက ဥပဒေနှင့် အညီ ဆောင်ရွက် မပေးသည့်အတွက်
ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည့်
ဦးသိန်းဇော်က ပြောသည်။
“တရားမကျင့်ထုံး ဥပဒေ ၂၁ နည်း ၅၈(၁) အရ ကန့်ကွက်တဲ့သူကို တရားရုံးက
ခေါ်ပြီး ဘာကြောင့် ကန့်ကွက်ရသလဲ စစ်ဆေး မေးမြန်းရမယ်။ အခုက ဒီလိုဘာမှ
မလုပ်ဘူး” ဟု ညီဖြစ်သူ အရောင်းအ၀ယ်ပြုလုပ်ခဲ့သော အမွေဆိုင်အိမ်တွင်
နေထိုင်သည့် ဦးသိန်းဇော်က ဆိုသည်။
သို့သော် ထားဝယ်မြို့နယ် တရားရုံးမှ ၀ရမ်းကပ်သည်ကို
နှောက်ယှက်သည့်အတွက်ဟုဆိုကာ ပြစ်မှုပုဒ်မ ၁၇၃ ဖြင့် တရားစွဲကာ ဒဏ်ငွေ
ငါးရာကျပ် အမိန့်ချခံခဲ့ရသည်ဟု ၎င်းက ပြောသည်။
ထားဝယ်ခရိုင် တရားရုံးသို့စာဖြင့် တင်ပြခြင်း၊ လူကိုယ်တိုင်
သွားရောက်တွေ့ဆုံတင်ပြခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပြင်
တိုင်းဒေသကြီးတရားသူကြီးချုပ်ကိုလည်း အထောက်အထားများနှင့်တကွ စာဖြင့်
တင်ပြခဲ့သော်လည်း မဖြေရှင်း ပေးသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု
ဦးသိန်းဇော်က ဆိုသည်။
“ဒီလောက် အထောက်အထားတွေနဲ့ တင်ပြနေတာတောင် မလုပ်ပေးဘူးဆိုတော့
တရားမကြောင်း နားမလည်တဲ့သူတွေဆိုရင် တရားရုံးတွေ လက်ချက်နဲ့
ဘယ်လောက်ခံနေရမလဲ” ဟု ၎င်းက ပြောသည်။
ဦးသိန်းဇော်သည် နေအိမ်အရောင်းအ၀ယ်ကိစ္စ တရားစွဲဆိုသည့်အမှုတွင်
ပါဝင်ခြင်းမရှိသောကြောင့် အဆိုပါ အမှုကိစ္စကြောင့် မိမိအားနစ်နာစေသည်ဟု
ယူဆပါက အမှုဖြစ်သည့် ခရိုင်တရားရုံးတွင် လုပ်ထုံးလုပ်နည်းနဲ့ အညီ
လျှောက်ထားသင့်ကြောင်း အထက်ပါတိုင်းဒေသကြီး တရားရေးဦးစီးမှူးက ဆိုသည်။
“တရားရုံးဆိုတာက တင်ပြတာ၊ အကြောင်းကြားတာတွေ အကျုံးမ၀င်ဘူး။ သတ်မှတ်
လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လျှောက်ထားမှ လက်ခံစဉ်းစားမှာ။
လုပ်ထုံးလုပ်နည်းတွေကို နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးလုပ်သင့်တယ်” ဟု
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက
ပြောသည်။
အထက်ပါအမွေဆိုင်အိမ်သည် ဦးသိန်းဇော်အပါအ၀င် မောင်နှမ
သုံးဦးပိုင်ဆိုင်သည့် နေအိမ်ဖြစ်ပြီး ၂၀၀၇ ခုနစ်က
မွေး/ရေဘဏ်(ယခုကမ္ဘာ့ရတနာဘဏ်) တွင် အိမ်စာချုပ်ကိုပေါင်နှံကာ
ငွေချေးယူခဲ့ပြီး ညီဖြစ်သူက အိမ်အရောင်းအ၀ယ် စာချုပ်ကို၂၀၁၁ ခုနှစ်
ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ကာ ဘဏ်တွင် ၂၀၁၁ ခုနစ် ဇွန်လ ၁၄
ရက်နေ့တွင် အိမ်စာချုပ်ကို ပြန်လည်ထုတ်ယူရောင်းချခဲ့ပြီးနောက် နေအိမ်အား
ဝယ်သူလက်မအပ်နိုင်သဖြင့် ၀ယ်သူက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း
ဦးသိန်းဇော်ထံမှ သိရသည်။
ယင်းဆန္ဒထုတ်ဖော်ခြင်းသည် ထားဝယ်ခရိုင်တွင် ပထမဆုံးအကြိမ် တကိုယ်တော်
ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template