Headlines News :
Home » » အီတလီ လေကြောင်းပြပွဲ မစတင်မီ လေယာဉ် ၂ စီးတိုက်မိ၊ လေယာဉ်မှူး ၁ ဦးသေဆုံး

အီတလီ လေကြောင်းပြပွဲ မစတင်မီ လေယာဉ် ၂ စီးတိုက်မိ၊ လေယာဉ်မှူး ၁ ဦးသေဆုံး

Written By လွင့်မောင်မောင် on Tuesday, June 2, 2015 | 8:28 PM

 
အီတလီနိုင်ငံ အဒ်ရီယာတစ် ကမ်းရိုးတန်း တောတောရစ်တိုကမ်းခြေက လေကြောင်းပြပွဲ မစတင်မီမှာ လေယာဉ် ၂ စီး လေထဲမှာ တိုက်မိလို့ လေယာဉ်မှူးတယောက် သေဆုံးပါတယ်။

သေဆုံးသွားတဲ့ လေယာဉ်မှူးကို ရင်ခွဲစစ်ဆေးဖို့ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က အမိန့်ထုတ်ခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် လေယာဉ်မှူးဟာ တခြားလေယာဉ်မှူးတယောက်နဲ့အတူ ကြေးမုံပျံသန်းမှုလို့ ခေါ်တဲ့ လေကြောင်းပြကွက်ကို ပြဖို့ ကြိုးစားအပြီး သေဆုံးခဲ့တာပါ။

မိသားစုတွေက လေကြောင်းပြပွဲကို ကမ်းခြေမှာ ကြည့်နေတုန်း လေယာဉ်အပျက်အစီး အပိုင်းအစတွေ ပင်လယ်ထဲ ကျခဲ့ပါတယ်။

သေဆုံးသူ လေယာဉ်မှူးနဲ့ တွဲဘက် အသက် ၄၃ နှစ်အရွယ် ဝယ်လ်မို ဖရန်စဲ့စ် ရှက်တီကတော့ ဒီတိုက်မိမှုအတွင်း ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ အဖွဲ့ဝင်၂ ယောက်ပါတဲ့ Goodfellas အပျော်တမ်း အားကစားအဖွဲ့က ၂ ယောက်စီး လေယာဉ်တွေ၊ စတန့်တွေနဲ့ ဖျော်ဖြေတဲ့ ဖရက်ဆေ ထရိကိုလိုရီ လေကြောင်းပြပွဲ မတိုင်ခင် အခုလို တိုက်မိခဲ့တာပါ။

တနင်္ဂနွေနေ့ နှောင်းပိုင်းအတွက် လေကြောင်းပြပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

 By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template