Headlines News :
Home » » ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း နှစ်(၇၀)ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနှင့် အောက်မေ့ဖွယ်အခမ်းအနား လောင်းလုံးမြို့နယ် ကမြောကင်းရေဆိပ်ကျောင်းတွင်ကျင်းပ

ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း နှစ်(၇၀)ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနှင့် အောက်မေ့ဖွယ်အခမ်းအနား လောင်းလုံးမြို့နယ် ကမြောကင်းရေဆိပ်ကျောင်းတွင်ကျင်းပ

Written By လွင့်မောင်မောင် on Tuesday, June 2, 2015 | 11:35 PM

ထားဝယ် - ၂-၆ ၂၀၁၅
ယနေ့ (၂-၆ ၂၀၁၅ )တွင်ကျရောက်သော  ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း နှစ်(၇၀)ပြည့်  နေ့တွင် ထားဝယ်တိုင်းရင်းသားများပါတီမှဦးဆောင်ပြီး ထားဝယ်ဒေသခံများနှင့်လူမှုအဖွဲ့စည်းများကပူးပေါင်း၍

ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း နှစ်(၇၀)ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနှင့် အောက်မေ့ဖွယ်အခမ်းအနား ကို လောင်းလုံးမြို့နယ် ကမြောကင်းရေဆိပ်ကျောင်းတွင်နံနက်၈နာရီမှ နေ့လည်၁၁နာရီအထိ
ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

  အခမ်းအနားအစီအစဉ်ကို
ပထမပိုင်းအစီအစဉ်  -  အောက်မေ့ဖွယ်အခမ်းအနား
ဒုတိယပိုင်းအစီအစဉ် -  ဗိုလ်မှူးကြီးဗထူးအားရည်စူး၍ပြုလုပ်သောဆွမ်းကျွေးအလှူမင်္ဂလာ
တတိယပိုင်းအစီအစဉ် - ကမြောကင်းတံတားထိပ်ရှိ  ဗိုလ်မှူးကြီးဗထူးအထိမ်းမှတ်ရုပ်ထု၌ လွမ်းသူပန်းခွေ၊ပန်းခြင်းချ၍အလေးပြုခြင်း  ဟူ၍အပိုင်း၃ပိုင်းခွဲ၍ကျင်းပခဲ့သည်။

ပထမပိုင်းအစီအစဉ် တွင် ဦးစွာ နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့် လွတ်လပ်ရေးအတွက်အသက်ပေးသွားသောသူရဲကောင်းများကိုအလေးပြုခြင်း။
ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌဦးအေးမင်းမှအဖွင့် အမှာစကားပြောကြားခြင်း၊၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းထားဝယ်မြို့နယ် တာဝန်ခံ ဦးကျော်ကျော်သက်က ဗိုလ်မှူးကြီးဗထူး၏ ဘ၀ဖြစ်စဉ်ကိုပြော
ကြားခြင်း။
ကဗျာဆရာ တင့်စိုးဝေ ၊နေမင်းရာဇာ ၊တက္ကသိုလ်ကျောင်းသားများ က ဂုဏ်ပြုကဗျာများရွတ်ဆိုကြခြင်း။
လောင်းလုံးဒေသခံပြည်သူများ၏ကိုယ်စား ထားဝယ်တိုင်းရင်းသားများပါတီဒုဥက္ကဋ္ဌ ဦးမောင်အေးမှ ကျေးဇူးတင်စကားပြောကြား၍ ပထမပိုင်းအခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌဦးအေးမင်းမှအဖွင့် အမှာစကားပြောကြားရာတွင် ဤအခမ်းအနားကို (၁)  ဗိုလ်မှူးကြီးဗထူးကောင်းရာသုဂတိလားရောက်နိုင်စေရန်အတွက်လည်းကောင်း၊
(၂) ထားဝယ်ဒေသပြည်သူလူထုများအထူးသဖြင့်လူငယ်များ   ဗိုလ်မှူးကြီးဗထူးကဲ့သို့တိုင်းပြည်ချစ်စိတ်မွေးမြူပြီး ၊ရဲစွမ်းသတ္တိပြည့်ဝကာ တိုင်းပြည်အတွက်စွန့်လွှတ် အနစ်နာခံမှုတို့ကို  ဂုဏ်ယူ၊အားကျ၊ အတုယူနိုင်ကြစေရန်
ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်းထည့်သွင်းပြောကြားသွားပါသည်။

ဒုတိယပိုင်းအစီအစဉ် အနေဖြင့်  ဗိုလ်မှူးကြီးဗထူးအားရည်စူး၍ပြုလုပ်သောဆွမ်းကျွေးအလှူမင်္ဂလာဆက်လက်ပြုလုပ်ရာ  ဆရာတော်သံဃာတော် တို့ထံမှ ငါးပါးသီလခံယူ၍ ပရိတ်တရားတော်များနာကြားကာ ဗိုလ်မှူးကြီးဗထူး နှင့်
ဝေနေယျတို့အားရေစက်ချ အမျှပေးဝေ ခဲ့ပါသည်။ ဗိုလ်မှူးကြီးဗထူးအားရည်စူး၍ သံဃာတော်၂၁ပါးတို့ ကို ၀တ္ထုအလှူငွေများဆက်ကပ်လှူဒါန်းပြီး ဆွမ်း၊ခဲဖွယ်တို့ကိုဆက်ကပ်လှူဒါန်းခြင်းခဲ့ကြောင်းသတင်းရရှိပါသည်။



ဆက်လက်၍ တတိယပိုင်းအစီအစဉ် အနေဖြင့်  ကမြောကင်းတံတားထိပ်ရှိ  ဗိုလ်မှူးကြီးဗထူးအထိမ်းမှတ်ရုပ်ထု၌ လွမ်းသူပန်းခွေ၊ပန်းခြင်းချ၍အလေးပြုခြင်း တို့ကိုပြုလုပ်ခဲ့ကြပါသည်။
၁၁၄ ကြိမ်မြောက်သွေးလှူရှင်- ဦးညွန့်ရွှေ

တချိန်တည်းတွင် ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဘဏ္ဍာရေးမှူးဦးညွန့်ရွှေ  က ဗိုလ်မှူးကြီးဗထူးကိုဂုဏ်ပြုသောအားဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်တွင်
 ၁၁၄ကြိမ်မြောက် သွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဤအခမ်းအနားတွင် ရှေးထားဝယ်မြို့ ဟောင်းများ၊ထားဝယ်ရှေးဟောင်းယဉ်ကျေးမှု ဘုရားများ၊အသုံးဆောင်ပစ္စည်းတို့ကိုပြသထားသည်။ကြွရောက်လာကြသောဧည့်ပရိသတ်များကို
ထားဝယ်ရိုးရာမုန့် များဖြင့်ကျွေးမွေးဧည့်ခံသည်။


Lwintmgmg Daily News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template