
ယမန်နေ့က ဆော်ဒီအာရေဗျနိုင်ငံ ဒမ်မန်မြို့ရှိ ရှီးယိုက်မွတ်စလင်တို့၏ ဝတ် ပြုဆုတောင်းရာ ဗလီတစ်ခုကို IS အဖွဲ့က အသေခံဗုံးဖောက်ခွဲခဲ့ရာ ဗုံးဖောက်ခွဲသူ အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေး လီးမေးလ်သတင်းဌာနကဖော်ပြထားသည်။ အသေခံဗုံးခွဲသူမှာ သောကြာနေ့ဝတ်ပြုဆု တောင်းသူများကို လုပ်ကြံရန်ရည်ရွယ်ခဲ့ ပြီး အမျိုးသမီးခေါင်းမြီးခြုံဝတ်စုံကို ဝတ် ဆင်ကာ အမျိုးသမီးဂိတ်ပေါက်မှဖြတ် သန်းစဉ် လုံခြုံရေးကသတိထားမိသွားပြီး နောက် အဆိုပါနေရာတွင်အသေခံဗုံး ခွဲ ခဲ့ခြင်းဖြစ်သည်။
ယခုဗုံးဖောက်ခွဲမှုသည် ဆော်ဒီအာရေ ဗျတွင် ၂၁ဦး သေဆုံးစေခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီးနောက် IS အဖွဲ့ ၏ဒုတိယအကြိမ်အသေခံဗုံးဖောက်ခွဲမှုနှင့် ကြုံရခြင်းဖြစ်သည်။
ယခုဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး IS အဖွဲ့က ၄င်းတို့၏လက် ချက်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ တွင်ကြေညာထားသည်။
T 1 P (Ref: CNN)
The Union Daily