Headlines News :
Home » » ဘင်္ဂါလီ ၇၀၀ ကျော်ပါ သင်္ဘောကို မြန်မာရေတပ်က ဘင်္ဂလားရေပိုင်နက်ထဲသို့ လိုက်လံ ပို့ဆောင်

ဘင်္ဂါလီ ၇၀၀ ကျော်ပါ သင်္ဘောကို မြန်မာရေတပ်က ဘင်္ဂလားရေပိုင်နက်ထဲသို့ လိုက်လံ ပို့ဆောင်

Written By လွင့်မောင်မောင် on Tuesday, June 2, 2015 | 8:30 PM

 
 လှေစီးဒုက္ခသည် ဘင်္ဂလီ ၇၂၇ ယောက်ပါ သင်္ဘောတစီးကို မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောကို လွန်ခဲ့သော ၄ ရက်က ကပ္ဗလီပင်လယ်အတွင်း တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး က ပြောသည်။

ကပ္ဗလီပင်လယ်တွင် မျောနေသော ငါးဖမ်းသင်္ဘောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လိုသူများသာဖြစ်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောသည်။

“မြန်မာရေတပ်က သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လိုက်ပို့ပေးမှာပါ။ သူတို့အတွက် အစာရေစာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ထည့်ပေးလိုက်မှာပါ။”ဟု ဦးရဲထွဋ်က Reuters သို့ ဖုန်းဖြင့်ဖြေကြားသည်။

“ဒါဟာ သူတို့ရဲ့ဆန္ဒအပေါ်လိုက်ပြီး ဆောင်ရွက်ပေးတာပါ။ သူတို့နဲ့ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ကို ပို့ပေးမှာပါ။”

၎င်းရွှေ့ပြောင်းနေထိုင်လိုသူများသည် မည်သည့်နိုင်ငံမှဖြစ်ကြောင်းကိုမူ ဦးရဲထွဋ်က မဖြေကြားခဲ့ချေ။

Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template