Headlines News :
Home » » လက်နက် ရှာဖွေရာတွင် စစ်တွေ ရခိုင် နေအိမ်များကို အဓိကရှာဖွေ

လက်နက် ရှာဖွေရာတွင် စစ်တွေ ရခိုင် နေအိမ်များကို အဓိကရှာဖွေ

Written By လွင့်မောင်မောင် on Sunday, November 11, 2012 | 10:22 PM


ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် အာဏာပိုင်များမှ တုတ်၊ ဓါး၊ ဂျင်ဂလိ စသည့် လက်နက်များကို ရှာဖွေနေရာ ရခိုင်နေအိမ်များကို အဓိကထားပြီး  ရှာဖွေသိမ်းဆည်းနေကြောင်း သိရသည်။
စစ်တွေမင်းဂံ ရပ်ကွက်တွင် လက်နက်များ ရှာဖွေနေစဉ်။ ( ဓါတ်ပုံ- RSV)
လက်နက်ရှာဖွေသည့် အဖွဲ့တွင် ရဲ၊ စစ်တပ်၊ အထူးရဲတပ်ဖွဲ့နှင့် တခြားဌာနဆိုင်ရာများမှ ၀န်ထမ်းများ ပါဝင်ကြောင်း မင်းဂံအကွက် ၄ မှ ဦးဘသိန်းအောင်က ယခုကဲ့သို့ပြောသည်။
“ SP- ပါတယ်။စစ်တပ်လည်းပါတယ်။ တခြားဌာနကလူတွေလည်းပါတယ်။ အိမ်မှာ ငါးခုတ်တဲ့ ဓါးတွေ၊ နောက်ပြီး နည်းနည်း ချွန်နေတဲ့ ဓါးတွေနဲ့ ရခိုင်အိမ်တွေမှာ အမြဲတမ်း ထားလေ့ ထားထရှိတဲ့ လှံငယ် တွေလည်း ယူသွားတယ်။ တစ်ချို့ အိမ်တွေမှာဆို သိမ်းသွားတဲ့အထဲမှာ ရွှေ၊ငွေမပါ ဆိုပြီး လက်မှတ် ထိုးခိုင်းတာလည်းရှိတယ်” ဟု ဆိုသည်။
အဆိုပါ လက်နက်ရှာဖွေမှုကို ယနေ့နံနက် ၆ နာရီးခွဲခန့်တွင် စတင်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ၀င်ရောက်ရှာဖွေနေခြင်းဖြစ်သည်။
“ ကျွန်တော်တို့က တစ်ဘက်က တစ်ခုခု အန္တရာယ်ပြုလာနိုင်မလားလို့ စိုးရိမ်နေရတဲ့အချိန်မှာ ရခိုင် အိမ်တွေကိုဝင်ပြီး ရှိသမျှ ဓါးတုတ်တွေကို သိမ်းယူသွားရင် နောက်တခေါက်ထပ်ဖြစ်လာရင် ကျွန်တော် တို့ လုံးဝကာကွယ်နိုင်မဲ့ အခြေအနေမရှိဘူး။ အခုဖြစ်နေတာက ကျွန်တော်တို့ စစ်တပ်ကိုလည်း ကြောက်ရ ဘင်္ဂလီတွေကိုလည်းကြောက်ရ ဖြစ်နေတယ်” ဟု သူကဆက်ပြောသည်။
ယနေ့ရှာဖွေသည့် ရပ်ကွက်များမှာ မင်းဂံ အကွက် (၁)မှ စတင်ရှာဖွေခြင်းဖြစ်ပြီး နေ့လည်း ၃ နာရီ ခန့် တွင် အကွက် (၈) အထိ ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အလားတူ ဘုမေ ဘင်္ဂလီရွာကိုလည်း လက်နက်ရှာဖွေရေးအဖွဲ့မှ ယနေ့နံနက်တွင် အနည်းငယ် ၀င် ရောက်ရှာဖွေမှု လုပ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ နေအိမ်များမှ တုတ်၊ ဓါးများကို ၀င်ရောက်ရှာဖွေ သိမ်းယူနေသော်လည်း အာဏာပိုင်များမှ လုံခြုံရေးကို လုံလောက်စွာ ချထားပေးမှုမရှိကြောင်း စစ်တွေမြို့ခံများကပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် တူမီး၊ တုတ်၊ ဓါးအပါအ၀င် လက်များကို နီးစပ်ရာ သက်ဆိုင်ရာ အာဏာ ပိုင်များတွင် အပ်နှံကြရန် မကြာသေးမီးက အစိုးရမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ကျောက်တော်အပါအ၀င် နယ်တချို့တွင် လက်နက်များကို အာဏာပိုင်များက သိမ်းယူခဲ့သည်။
ယခုကဲ့သို့ အစိုးရမှ တရားဝင်ကြေငြာပြီး လက်နက်များကို သိမ်းယူနေသော်လည်း နိုဝင်ဘာလ ၈ ရက်နေ့က ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာမှ ဦးလပြည်ဦးတို့ သားဖနှစ်ဦးကို တူမီးသေနတ်ဖြင့် ဘင်္ဂလီတစုက ပစ်ခတ်ခဲ့သည့်အတွက် ဦးလပြည့်ဦးမှာ စစ်တွေဆေးရုံတွင်ဆေးကုသနေရသည်။
အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ မောင်စိုးဝင်းကို လက်မရွာနှင့် နဂရာကျေးရွာမှ ဘင်္ဂလီ ၂၀ ခန့်က ဂျင်ဂလိဖြင့် ၀ိုင်းဝန်းတိုက်ခဲ့သည့်အတွက် မင်းပြား ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
မောင်အေး(နိရဉ္စရာ )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template