Headlines News :
Home » » နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

Written By လွင့်မောင်မောင် on Thursday, November 15, 2012 | 4:28 PM

နိုင်ငံရေး၊စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများအချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၈၁ /၂၀၁၂ ဖြင့်  ဖွဲ့စည်းခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊လုံခြုံရေး၊စစ်ရေးနှင့် သဘာဝဘေးအန္တရာယ်အရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ  သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သိမ်းအား အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ထားပြီး အဖွဲ့ဝင်များအဖြစ် သမ္မတဦးစီးရုံး ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးရဲမင်း၊ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်၊နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးမိုးကျော်အောင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန် ကြားရေးမှူး ဦးအောင်စိုးသိန်းတို့ပါဝင်ပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဥာဏ်ထွန်းအား အတွင်းရေးမှူးအဖြစ် ခန့်အပ်ထားသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ (က)နိုင်ငံတော်၏နိုင်ငံရေး၊စီးပွားရေး၊ လုံခြုံရေး၊စစ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများအချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်(ခ) အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူပြုလုပ်ပေးရန်(ဂ)သတင်းထုတ် ပြန်ချက် (Press Statement) များ ထုတ်ပြန်ပေးရန်(ဃ)ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူး မီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ(Reactive Media)လုပ်ငန်းများဆောင်ရွက်ရန် (င)ပြည်တွင်းပြည်ပရှိ သတင်းဌာန များ၊ဒေသဆိုင်ရာအဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန် (စ)၀န်ကြီးဌာန အသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူပြု ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်  စသည်တို့ ပါဝင်သည်။Eleven Media Group မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template