လေလံ ပြန်လည်မှတ်ပုံတင်ယာဉ်များအားလုံး မည့်သည့်ယာဉ်အမျိုးအစားမဆို
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်အပ်နှံနိုင်ကာ အစားထိုးယာဉ်
တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ
သတင်းထုတ်ပြန်ထားသည်။
ယာဉ်အိုယာဉ်ဟောင်းများအပ်နှံကာ အစားထိုးယာဉ် တင်သွင်းခွင့်ပြုရာ၌ 'ဗ'အက္ခရာတန်းယာဉ်ဟောင်းများအထိ အပ်နှံခွင့်ပြုထားသည်။
ယင်းနောက်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှစကာ
လေလံပြန်လည်မှတ်ပုံတင်ထားသောယာဉ်များထဲမှ Mazada အုပ်စုဝင်ကားများအား
အမျိုးအစားအလိုက် အပ်နှံခွင့်ပြုခဲ့ရာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် Mazada
အမျိုးအစားကားများအားလုံးကို အပ်နှံ ဖျက်သိမ်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
ယခုအခါ ကျန်ရှိနေသည့် လေလံ ပြန်လည်
မှတ်ပုံတင်ယာဉ်အမျိုးအစားများအားလုံးကို အပ်နှံကာ အစားထိုးယာဉ်
တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
အပ်နှံရာတွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊
ပြည်နယ်များရှိ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင်
အပ်နှံနိုင်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။Eleven Media Group မှ
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago