Headlines News :
Home » »  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား

Written By လွင့်မောင်မောင် on Tuesday, November 13, 2012 | 6:29 PM

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့  ညနေပိုင်းက ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ မိုင်တိုင်အမှတ် ၅၁နှင့် ၅၂ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာ ရရှိသူ မရှိကြောင်းလည်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက် ညနေ ၅ နာရီ အချိန်တွင် အဆိုပါ မိုင်တိုင် အမှတ် ၅၁ နှင့် ၅၂ ကြားတွင် လက်နက်ကိုင်ဟု ယူဆရသည့် အဖွဲ့တစ်ခု သွားလာနေသည့် ဓါတ်မီးရောင်များကို မြင်တွေ့သဖြင့် မြန်မာ့နယ်စပ် လုံခြုံရေးအဖွဲ့မှ သေနတ်တစ်ချက် ပစ်ခတ်ရာ ယင်းအမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်သုံးချက် ပြန်လည်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်းလည်း သိရသည်။
ယင်းနောက်ပိုင်းတွင် နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်များ တိုးချထားပြီး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ယခုပစ်ခတ်မှုဖြစ်ပွားရာ နေရာသည် နိုဝင်ဘာလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်များမှ ပစ်ခတ်သဖြင့်  နယ်စပ်အထူး ဆောက်လုပ်ရေးအဖွဲ့မှ ဘတ်ဖိုးစက်မောင်း သေဆုံးခဲ့ပြီး သုံးဦး ပျောက်ဆုံးခဲ့သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့များ ယင်းနေရာတွင် တိုးချထားပြီး ပျောက်ဆုံးနေသော နယ်စပ်အထူး ဆောက်လုပ်ရေး အဖွဲ့ဝင် သုံးဦးကိုလည်း ပြန်လည်ရရှိခြင်း မရှိသေးကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့က နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေးအဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့တို့သည် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ ဂျီအီး တပ်သား ၃ ဦး အရေးနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ဘင်ဒရိုင်ဘင်ခရိုင် တောင်ဘက်ပိုင်း လိမ္မော်ဆရီး ဘီဂျီပီ စခန်းတွင် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သား (၃) ဦး ပြန်လည် လွှတ်မြောက်ရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံခဲ့ရသည့် နိုဝင်ဘာလ ၆ ရက်နေ့မှ စကာ နယ်မြေခံ နစကနှင့် တပ်ရင်း ၅ ခုက နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားခဲ့ရာ နေရာများတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ဆောက်လုပ်ရေးနယ်စပ် အထူးဆောက်လုပ်ရေးအဖွဲ့သည် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားကာ ဆောက်လုပ်ရေး ၀န်ထမ်းများလည်း နယ်စပ်မှ ပြန်လည်ဆုတ်ခွာလာကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template