Headlines News :
Home » » ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင်တိုက် - အရေးယူမှုမရှိ

ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင်တိုက် - အရေးယူမှုမရှိ

Written By လွင့်မောင်မောင် on Tuesday, November 13, 2012 | 6:35 PM

 Tuesday, November 13, 2012
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် ဝင်တိုက်မှု ဖြစ်ပွါးခဲ့ရာ သံဃာတော် ၇ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြောပါသည်။

“ဒီလ ၅ ရက် မနက် ၈ နာရီကပေါ့။ မြို့လယ်ကန်မိန်းကျောင်းတိုက်က သံဃာတော်တွေ ဆွမ်းခံကြွပြီး အပြန် ရပ်ကွက် ၁၂ က အောင်ညီညီထွန်းဆိုတဲ့သူက သုံးဘီးကားနဲ့ ဆွမ်းခံသံဃာတန်းကို ဝင်တိုက်တာ။ သံဃာ ၇ ပါး ဆေးရုံတင်ရတယ်။ ၃ ပါး က ဒဏ်ရာပြင်းထန်တယ်။ သံဃာတော်တွေ ဒီနေ့ထိ ဆေးရုံက မဆင်းရသေးဘူး။ ယာဉ်မောင်းကိုလည်း ဒီနေ့အထိ အရေး မယူသေးဘူး ” - ဟု လားရှိုးမြို့ခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဆွမ်းခံကြွ၍အပြီး ကျောင်းသို့ပြန်ချိန် ဆွမ်းခံ သံဃာတော် ၁၅ ပါးအား အမှတ် ၂ ရဲစခန်းပိုင်သုံးဘီးယာဉ်အမှတ် ဟ/ ၇၂၅၂ ကဝင် တိုက်ရာ ၇ ပါးမှာ ယနေ့တိုင်ဆေးရုံ၌ ဆေးကုသမှုခံနေရကြောင်း၊ အခင်းဖြစ်ပွါးရာနေရာမှာ လားရှိုးအထက ၃ ကျောင်းရှေ့၌ဖြစ်ကြောင်း၊ ယာဉ်မောင်း အောင်ညီညီထွန်း အသက် ၁၉ နှစ် မှာ ရပ်ကွက် ၁၂ နေ ရဲဘော်ဟောင်း ဦးစိန်လွင်ဆိုသူ ဗမာအမျိုးသား၏သားဖြစ်ကြောင်း၊ အဆိုပါယာဉ်မောင်းအား ယနေ့တိုင် အရေးယူခြင်း မရှိကြောင်း ကန်မိန်းကျောင်းတိုက်၏ ဒါယိကာတဦးကပြောသည်။

“ရဲစခန်းပိုင် သုံးဘီးယဉ်လေ။ မောင်းတဲ့ကောင်က မနက်စောစောစီးစီး အရက်က မူးနေပြီ။ လူကိုတိုက်လို့ လျော် ကြေးမပေးရင်တောင်မှ ဘာမှမပြောဘူး။ သံဃာတော်ကိုတိုက်မိပြီးတော့ လျော်ကြေး မပြောနဲ့ ဆေးကုသခလေး တောင် မကူညီဘူးဗျာ။ တိုက်မိ ပြီးတာနဲ့ မောင်းပြေးတာ။ အဲဒီနားကလူတွေက သူ့ကိုလိုက်ဖမ်းမှ ရဲစခန်းအသိုင်း အဝိုင်းကမှန်းသိတာ။ သက်သေရှိတာ တောင်မှ အာဏာပိုင်တွေက ဒီပြဿနာကို မဖြေရှင်းပေးဘူး။ သံဃာ တော်ဆိုတာ ဘုရားရဲ့သားတော်တွေဘဲ။ ဒါ ဗုဒ္ဓဘာသာကို မလေးစားတာဘဲ။ တဖက်ကလည်း ဒါလူမျိုးရေး ပြဿနာ ဖြစ်စေတဲ့မီးစတခုဖြစ်လာနိုင်တယ်။” ဟု အဆိုပါ ဒါယိကာကပြောပါသည်။

မြန်မာနိုင်ငံအစိုးရ ဒုတိယသမ္မတနေထိုင်သောမြို့၌ ယခုကဲ့သို့ ဖြစ်ပွါးသော ပြဿနာကို အာဏာပိုင်များ လျစ် လျူရှုသည်မှာ မဖြစ်သင့်ကြောင်း၊ ဗုဒ္ဓဘာသာ သံဃာတော်များအပေါ် အလေးမထားသည့် အဆိုပါယာဉ်မောင်း မိသားစုအပေါ်လည်း မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း လားရှိုးမြို့ခံနန်းနု ကပြောပါသည်။
Posted by သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template