Headlines News :
Home » » လေဖိအားနည်းရပ်ဝန်း 25W ၄၈ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာမည်

လေဖိအားနည်းရပ်ဝန်း 25W ၄၈ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာမည်

Written By လွင့်မောင်မောင် on Wednesday, November 14, 2012 | 11:48 PM

မုန်တိုင်းငယ်ဖြစ်ပြီးနောက် ၇၂ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် အသေးစိတ်လမ်းကြောင်းပြပုံ
By mmweather.ygn, on November 14th, 2012
နိုဝင်ဘာလ ၁၄ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRL data များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှင်ရှိသည့် လေဖိအားနည်းရပ်ဝန်း Tropical Depression 25W(TWENTY-FIVE)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး တောင်ဘက် မိုင် ၁၉ဝ ခန့်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။

လေဖိအားနည်းရပ်ဝန်း 25W သည် လာမည့် ၁၂ နာရီအတွင်း ဗီယက်နန်နိုင်ငံ တောင်ပိုင်းစွန်း Ca Mau ပြည်နယ်အား ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။

လာမည့် ၄၈ နာရီအတွင်း ထိုင်းပင်လယ်ကွေ့အတွင်းတွင် 25W သည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာကာ ၇၂ နာရီအတွင်း ထိုင်းနိုင်ငံ Mueang Chumphon District – Bang-Son မြို့တောင်ဘက်မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် – မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များကြားမှ ဖြတ်၍ ကပ္ပလီပင်လယ်ပြင်သို့ ၉၆ နာရီအတွင်း(နိုဝင်ဘာလ ၁၈ ရက် ညနေ ၁၈၃ဝ နာရီခန့်တွင်)ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီ မိုင်၎ဝ မှ မိုင် ၅ဝ အထိ ရှိမည်ဖြစ်ကြောင်း သိရပါသည်။

25W သည် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားမည်ဖြစ်သော်လည်း ကပ္ပလီပင်လယ်ပြင်သို့ ဝင်ရောက်သည့်အခါ ပြန်လည် အားကောင်းလာနိုင်ခြင်းရှိ/မရှိ အနီးကပ်စောင့်ကြည့်လေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။
TROPICAL DEPRESSION – 25W TWENTYFIVE
14 Nov 2012 1200Z
Location: 8.1 107.0
Winds: 25 knots
Central Pressure: 1004 hPa
မုန်တိုင်းငယ် ဖြစ်လာမည့် TD25W(WENTY-FIVE) လမ်းကြောင်းပြပုံ

မုန်တိုင်းငယ်ဖြစ်ပြီးနောက် ၇၂ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် အသေးစိတ်လမ်းကြောင်းပြပုံ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template