By mmweather.ygn, on November 13th, 2012
တောင်တရုတ်ပင်လယ်တောင်ပိုင်းတွင်
ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 96W မှာ
ပိုမိုအားကောင်းလာသော်လည်း ၂၄ နာရီအတွင်း မုန်တိုင်း
ဖြစ်ပေါ်လာနိုင်ခြေအဆင့် LOW မှာပင်ရှိနေသေးကြောင်း တွေ့ရပါသည်။
နိုဝင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ဝ၃ဝ နာရီတွင် ရရှိသည့် NRL
data များအရ လေဖိအားနည်းဆဲလ် 96W သည် ဟိုချီမင်းစီးတီး အရှေ့တောင်ဘက် မိုင်
၄၉ဝ ခန့်၊ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘာဂါဝန်မြို့တော် ၏
မြောက်-အနောက်မြောက်ဘက် ၂၅၅ မိုင်ခန့်တွင် တည်ရှိနေပြီး
အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရပါသည်။
96W – 13 Nov 2012 0000Z
Location: 7.1 115.7
Winds: 15 knots
Central Pressure: 1010 hPa