Headlines News :
Home » » မြန်မာပြည်သူများနှင့် အတူတူနေ၍ ရုန်းကန်နေရခြင်းကို ကျေနပ်ကြောင်း၊ မိမိအတွက် အသင့်တော်ဆုံး နေရာဟု သတ်မှတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာပြည်သူများနှင့် အတူတူနေ၍ ရုန်းကန်နေရခြင်းကို ကျေနပ်ကြောင်း၊ မိမိအတွက် အသင့်တော်ဆုံး နေရာဟု သတ်မှတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 5:03 PM

w1-2-3
ဒေါ်အောင်ဆန်းစုကြည်အား တောင်ကိုရီးယားနိုင်ငံ ကွမ်ကျူးမြို့ရှိ အာဇာနည်ဗိမာန်၌ ဇန်န၀ါရီလ ၃၁ ရက်က တွေ့ရစဉ်
 မြန်မာပြည်သူများနှင့် အတူတူနေ၍ ရုန်းကန်နေရခြင်းကို ကျေနပ်ကြောင်း၊ မြန်မာနိုင်ငံသည် အသင့်တော်ဆုံးနေရာ၊ အကြိုက်ဆုံးနေရာဟု မိမိ၏စိတ်ထဲတွင် သတ်မှတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁ ရက်၌ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
''အမှန်ပြောရရင် ဘယ်လိုပဲ ဘယ်နိုင်ငံတွေက ချမ်းသာနေပါစေ၊ ကျွန်မရဲ့ ပြည်သူတွေနဲ့အတူတူနေပြီး ရုန်းကန်နေရတာကို ကျွန်မကျေ နပ်တယ်။ ဒီဟာကို ကျွန်မစိတ်ထဲမှာ အသင့်တော်ဆုံးနေရာပဲ၊ အကြိုက်ဆုံးနေရာပဲလို့ သတ်မှတ်ထားတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အခြားနိုင်ငံများဆီမှ သင်ယူစရာများ အများအပြားရှိကြောင်း၊ကိုယ့်နိုင်ငံ၏ ပုံစံသည် အခြားနိုင်ငံများ၏ ပုံစံနှင့်လုံးဝတူရန် မလိုကြောင်း၊ ကောင်းသောအချက်များကို အတုခိုးသလို မလိုလားအပ်သော ကိစ္စရပ်များကို အတုခိုးရန် မသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
''အခု တစ်ကမ္ဘာလုံးမှာ ကြည့်လိုက်ရင် အင်မတန်မှ လိုအပ်နေတာဟာ တစ်ယောက်အပေါ်တစ်ယောက် စာနာမှု၊ ကရုဏာမေတ္တာဆိုတာကတော့ နည်းလာတယ်၊ ခေါင်းပါးလာတယ်လို့ ကျွန်မ မြင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဘက်ကိုပဲ သိပ်ပြီးတော့ အားထားနေသလို ဖြစ်နေတယ်။ လူသားတွေဆိုတာ ရုပ်ပိုင်းဆိုင်ရာအရလည်း လုံလောက်မှုရှိရမယ်၊ သင့်တင့်မှုရှိရမယ်။ ဒါပေမယ့် စိတ်ဓာတ်ရေးရာကတော့ အရေးအကြီးဆုံးပဲ ဆိုတာကို ကျွန်မမြင်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မိမိနိုင်ငံမှ အခြားနိုင်ငံရပ်ခြား သို့ ရောက်ရှိနေကြသော ပြည်သူများအနေဖြင့် မိမိတို့ ရောက်နေသော နိုင်ငံများဆီမှ ကောင်းသောအလေ့အထများကို အတုခိုးရမည်ဖြစ်ကြောင်း၊ အတုမခိုးသင့်တာများ ရှိသည်ကိုလည်း ခေါင်းထဲတွင် မှတ်သားထားစေချင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားများအနေဖြင့် အတိတ်ကို ထားခဲ့ပြီး အနာဂတ်ကို ရှေးရှုလုပ်ဆောင်ကြရန် တောင်ကိုရီးယားရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ ရှစ်ရက်ကြာ ခရီးသွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက် ည ၁၀နာရီ ၃၅ မိနစ်တွင် တောင်ကိုရီးယားနိုင်ငံမှ KOREAN AIR KE 471 လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အမေရိကန်ပြည်ထောင်စုဟာ ၀ိုင်ယီတွင် သုံးရက်ကြာ နေထိုင်ခဲ့ကာ  ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဟာဝိုင်ယီ အထက်တန်းကျောင်းသားများအား မိန့်ခွန်းပြောကြားခြင်း၊ မြန်မာမိသားစုများနှင့် သီးခြားတွေ့ဆုံခြင်း၊ ဟိုနိုလူလူမြို့၌ပင် ပြုလုပ်သော ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ(Rotary Peace Forum) သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းအပြင် ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကိုလည်း လက်ခံရယူခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိကာ ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော မစ္စပတ်ဂွန်းဟေးတို့နှင့် သီခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် ဖျောင်ချန်း အထူးအိုလံပစ်ပွဲ၌ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးထိပ်သီးညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ကွမ်ကျူးမြို့ရှိ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ကျဆုံးသွားသူများအတွက် အမှတ်တရတည်ဆောက်ထားသော အာဇာနည်ဗိမာန်သို့ သွားရောက်ဂုဏ်ပြုခြင်းနှင့် မေ ၁၈ အမှတ်တရ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်ကာ ကွမ်းကျူး လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့ပြီး ဂုဏ်ထူးဆောင် ကွမ်းကျူးမြို့တော်သူဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ် အမျိုးသားတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားခဲ့ကာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်များနှင့်အတူ ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားရောက် မြန်မာများနှင့်လည်း တွေ့ဆုံခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template