Headlines News :
Home » » ထားဝယ်မြို့၏ကျက်သရေဆောင် “ရွှေတောင်စားစေတီတော်” နှစ်(၂၅၀)ပြည့်ပွဲတော်ကျင်းပမည်

ထားဝယ်မြို့၏ကျက်သရေဆောင် “ရွှေတောင်စားစေတီတော်” နှစ်(၂၅၀)ပြည့်ပွဲတော်ကျင်းပမည်

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 12:17 PM

ဓာတ် ပုံ -ဖိုးဇော်
 ထားဝယ်- ဖေဖော်ဝါရီ၃
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၏ကျက်သရေဆောင် “ရွှေတောင်စားစေတီတော်” နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို
မတ်လ(၂၄)ရက်မှမတ်လ(၂၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်းသိရသည်။

သက္ကရာဇ်၁၁၂၄ ခုနှစ်(ခရစ်သက္ကရာဇ်၁၇၆၂) တွင် မင်းရှင်ဇော်(ရွှေတောင်စားမင်း)ကယခင် စေတီပျက်ကိုငုံပြီးတည်ထားခဲ့သည့်ရွှေတောင်စားစေတီကို
တည်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရွှေတောင်စားစေတီသည် နှစ်(၂၅၀)ပြည့်ပြီဖြစ်ရာ အထိမ်းအမှတ်ပွဲတော်ကြီးကို ခမ်းနားစည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်နေကြပြီဖြစ်သည်။

ရွှေတောင်စားစေတီ ဗုဒ္ဒပူဇနိယပွဲတော်အကြို ဓမ္မပူဇာတရားပွဲကို မတ်လ(၁၀)ရက်မှ (၂၂)ရက်နေ့အထိ (၁၃)ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး၊ရွှေတောင်စားစေတီတော်နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ခြင်္သေ့ညီနောင်မုခ်ဦးကိုဖွင့်လှစ်မည်ဖြစ်သည်။

ထို့အပြင်မြို့သူမြို့သားများက ပန်း၊ဆီမီး၊ရေချမ်းများစုပေါင်းကပ်လှူပူဇော်ခြင်း၊တပေါင်းလပြည့်နေ့ နံနက်တွင် သံဃာတော်အပါး(၂၅၀)ဖြင့်အနေကဇာတင်ပူဇော်ခြင်း၊မြို့လုံးကျွတ်သံဃာ့ဒါနဆွမ်းခြောက်လောင်း
လှူပူဇော်ခြင်း၊ ရေစက်ချမင်္ဂလာကျင်းပခြင်း၊မြို့လုံးကျွတ်နိဗာန်ဈေးအလှူပွဲကြီးကျင်းပခြင်းတို့ကိုပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် ကြီးတွင် ထိုင်း(ရနောင်း)ကုန်စည်ပြပွဲ၊ပန်းချီ၊ဓာတ်ပုံ၊ကာတွန်းပြပွဲ၊ထားဝယ်ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အတီးအမှုတ်ဖျော်ဖြေပွဲ၊ ဇာတ်သဘင်ပွဲတို့ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template