Headlines News :
Home » » ဒုတိယကမ္ဘာစစ်အတွင်း ပြုလုပ်ခဲ့သည့် အမှားအယွင်း များအတွက် ဂျပန် နောင်တရရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားတွင် ပြောကြား

ဒုတိယကမ္ဘာစစ်အတွင်း ပြုလုပ်ခဲ့သည့် အမှားအယွင်း များအတွက် ဂျပန် နောင်တရရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားတွင် ပြောကြား

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 11:02 AM

ဆိုးလ်၊ ဖေဖေါ်ဝါရီ ၂ ။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ဂျပန်အစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်း ၎င်း၏အိမ်နီးချင်း
နိုင်ငံများအား ကျူး ကျော်သိမ်းပိုက်စဉ် ပြုလုပ်ခဲ့သည့် အမှားအယွင်းများအတွက် နောင်တရရန်လိုအပ်ကြောင်း
ပြောကြားခဲ့သည်ဟု သိရသည်။

ဒေါ်စုသည် တောင်ကိုရီးယား၌ ငါးရက်တာခရီးစဉ်အတွင်း အင်ချွန်မြို့တော်ဝန် ဆောင်ယောင်ဂျီလ်နှင့် တွေ့ ဆုံရာတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်ပေါ်
သို့ ၁၉၁၀-၄၅ ကာလအတွင်း ဂျပန်တို့၏ ကျူးကျော်အုပ်ချုပ်
ခဲ့မှုနှင့် ပတ်သက်၍ မည်သို့သဘောထားပါသလဲဟု မေးမြန်း ခံရရာတွင် ဒေါ်စုက ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူမက
လူတိုင်းအမှား လုပ်တတ်ကြောင်း၊ သို့သော် အမှားကို အသိ
အမှတ် မပြုဘဲထားခြင်းသည် အကုသိုလ်အစစ်ဖြစ်ကြောင်း
ဆိုခဲ့သည်။

၎င်းက ဂျပန်သည် အတိတ်ကာလမှ အမှားများကို ရင်ဆိုင်ရန် လိုအပ်ကြောင်း၊ ကိုရီးယား အမျိုးသမီးများအား လိင်ကျေး
ကျွန်များ အဖြစ်အသုံး ပြုခြဲ့ခင်း အပါအဝင် အမှားအယွင်းများကို
ပြင်ဆင်နိုင်အောင် ကြိုးစားသင့်ကြောင်းဆိုသည်။

ဂျပန်သည် ကိုရီးယားအပေါ်ကျူးလွန်ခဲ့သော ၎င်း၏ပြစ်မှုများ
အတွက် တရားဝင်တောင်းပန်မ မှုမပြုခြင်းမှာ ကိုရီးယားနှင့်
ဂျပန်အကြား ကာလရှည်မဖြေရှင်းရသေးသော ပြဿနာအဖြစ် တည်ရှိနေသည်။ သို့ သော် ၁၉၉၅ တွင် ဂျပန်ဝန်ကြီးချုပ်
တိုမီချီမူရာယာမက ဂျပန်နိုင်ငံသည် ဒုတိ ယကမ္ဘာစစ်အတွင်း
အထူးသဖြင့် အာရှနိုင်ငံများ အပါအဝင် နိုင်ငံများမှ ပြည်သူများကို အလွန်အမင်း ဒုက္ခရောက် ပျက်စီးထိခိုက်စေခဲ့ကြောင်း အသိအမှတ်ပြုဖေါ်ပြခဲ့သည်။

Ref: japandailypress.com via The Myanma Age
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template