Headlines News :
Home » , , » ထားဝယ်လမ်းပန်းဆက်သွယ်ရေး “အရွေ့”

ထားဝယ်လမ်းပန်းဆက်သွယ်ရေး “အရွေ့”

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 12:48 PM

ထားဝယ် အဝေးပြေးဂိတ် -ဓာတ်ပုံ-ဖိုးဇော်
၂၀၁၃သည်နှစ်ပေါင်းများစွာလမ်းပန်းဆက်သွယ်ရေးခက်ခဲသည်ဟုဆိုခဲ့ကြသည့်
မိမိတို့ထားဝယ်ဒေသအတွက်အရွေ့တစ်ခုကိုရင်ဆိုင်ရမည့်ကာလတစ်ခုဖြစ်သလို
အရှိန်အဟုန်ဖြင့်ပြိုင်ဆိုင်ကြမည့်ကာလတစ်ခုလည်းဖြစ်ဖွယ်ရှိနေချေပြီ။

နှစ်ဆန်းကာလ ဇန်န၀ါရီ(၁၀)ရက်နေ့တွင် ထားဝယ်-ရန်ကုန်ပြည်ထောင်စုလမ်းမကြီးပေါ် အရေးပါသည့် သံလွင်တံတား(မော်လမြိုင်)ကိုနှစ်ဆယ့်လေးနာရီဖွင့်လိုက်ပြီးနောက် ထိုလမ်းကြောင်းပေါ်တွင်ပြေးဆွဲလျက်ရှိသောအဝေးပြေးယာဉ်လိုင်းများ၏ ပြိုင်ဆိုင်မှုကို
စတင်တွေ့ရှိလာရပြီဖြစ်သည်။ရွှေလီရတနာယာဉ်လိုင်းက၀န်ဆောင်မှုအသစ်ဟုဆိုနိုင်သော
ကားကောင်းကားသန့်အဆင့်မြင့်လေအိတ်ကားများကိုစတင်ပြေးဆွဲလိုက်ရာ
ထားဝယ်အဝေးပြေးလောကကိုလှုပ်နှိုးလိုက်ခြင်းလည်းဖြစ်ချေသည်။

ထို့နောက်“တနင်္သာရီ”၊“ရွှေမြင်းပျံ” ယာဉ်လိုင်းများကလည်းအလားတူလေအိတ်ကား တစ်စီးစ၊နှစ်စီးစ၀ယ်ယူပြေးဆွဲလာသည်ကိုလည်းတွေ့ရသည်။အချို့ယာဉ်လိုင်းများက လမ်းအထူးအဖွဲ့(၁၆)ဖောက်လုပ်ပြင်ဆင်လျက်ရှိသော ထားဝယ်- ရေးကားလမ်းပိုင်းအခြေအနေကိုအကဲခပ်စောင့်ကြည့်လျက်ရှိပြီး၊ရန်ကုန်မှထားဝယ်သို့ ထားဝယ်သို့နံနက်စောစောရောက်အောင်အချိန်ပြောင်း
ကာ ၀န်ဆောင်မှုပေးလာသည်ကိုတွေ့ရသည်။


သံလွင်တံတား(မော်လမြိုင်)ကို၂၄ နာရီဖွင့်လှစ်လိုက်ခြင်းက ထားဝယ်-ရန်ကုန်
လမ်းပန်းဆက်သွယ်ရေးအခြေအနေကို နှစ်ပေါင်းများစွာအတွင်း “အရွေ့”တစ်ခုကိုဖြစ်ပေါ်စေလိုက်ခြင်းပဲဖြစ်သည်။
 

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအထူးအဖွဲ့(၁၆)ကတာဝန်ယူပြင်ဆင်လျက်ရှိသည့် ထားဝယ်-ရေးလမ်းပိုင်း သည်၂၀၁၃ မိုးရာသီမတိုင်မီကောင်းမွန်သွားပါက အဝေးယာဉ်လိုင်းများ၏ပြိုင်ဆိုင်မှု ပိုမိုအရှိန်ပြင်းလာနိုင်သလို ဒေသခံမဟုတ်သည့်ယာဉ်လိုင်းများ၏၀န်ဆောင်မှုကောင်းကောင်းတို့ဖြင့်
ထိုးဖောက်ဝင်ရောက်လာခြင်းကိုလည်းရင်ဆိုင်လာရဖွယ်ရှိနေပေသည်။
 

ဓာတ်ပုံ - ဖိုးဇော်

ထိုသို့သောအခြေအနေတွင်ဇန်န၀ါရီလ(၃၁)ရက်နေ့ကအမြန်ရေယာဉ်လိုင်းတစ်လိုင်းဖြစ်သည့်Fortune Expressကရန်ကုန်-မြိတ်-ရန်ကုန် အမြန်ရေယာဉ်ပြေးဆွဲခြင်းကိုစတင်လိုက်ရာ ထိုအချက်သည်လည်း 
ရန်ကုန်- ထားဝယ်-မြိတ် အဝေးပြေးယာဉ်လိုင်းများအပေါ်ဂယက်ရိုက်ခတ်နိုင်ဖွယ်ရာရှိနေပေသည်။
အမြန်ရေယာဉ်စတင်ပြေးဆွဲသည့်နေ့ သတင်းအချက်အလက်များအရ
 မြိတ်မှ နံနက် (၄း၃၀)နာရီထွက်သောအမြန်ရေယာဉ်သည် ရန်ကုန်ဗိုလ်တထောင်ဆိပ်ကမ်းသို့ မွန်းလွဲ(၂း၃၀)နာရီတွင်ဆိုက်ကပ်ခဲ့ရာရန်ကုန်ထားဝယ်- မြိတ်အဝေးပြေးမော်တော်ယာဉ်များအတွက်
သုံးသပ်ရမည့် စိမ်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။
ရန်ကုန်မှမြိတ်သို့အဝေးပြေးမော်တော်ယာဉ်ဖြင့်သွားပါကထားဝယ်တွင်ညအိပ်ရပ်နားရပြီး
နောက်တစ်နေ့နံနက်စောစောထွက်သည့်ထားဝယ်- မြိတ်ကားဖြင့်ဆက်လက်ခရီးနှင်ရခြင်းကအချိန်၊ငွေကြေး၊
လူအတွက်များစွာထောင်းတာလှကြောင်းတွေ့ရသည်။
 

ရန်ကုန်- မြိတ် အဝေးပြေးမော်တော်ယာဉ်ခ ၁၃၅၀၀ ကျပ်ဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးဂိတ်တက္ကစီခ၊ထားဝယ်တွင်တည်းခိုနေထိုင်စားသောက်စရိတ်၊
လမ်းခရီးစားသောက်စရိတ်တို့နှင့်ဆိုလျှင်ရန်ကုန်- မြိတ်အမြန်ရေယာဉ်ခနီးနီးကုန်ကျပေရာ
ထိုအချက်ကိုလည်းခရီးသည်တို့ ထည့်သွင်းတွက်ချက်လာနိုင်ပေသည်။အမြန်ရေယာဉ်၏အားသာချက်တစ်ရပ်မှာ
ရန်ကုန်မြို့တွင်းဗိုလ်တထောင်ဆိပ်ကမ်းအထိဝင်ရောက်ဆိုက်ကပ်နိုင်ခြင်းဖြစ်ပြီး
၊အားနည်းချက်တစ်ရပ်မှာရာသီဥတုအကန့်အသတ်ရှိလာနိုင်ခြင်းဖြစ်သည်။လက်ရှိပြေးဆွဲနေသည့် အမြန်ရေယာဉ် ၂၊၇ တို့တွင် ခရီးသည်(၃၅၀)ဦးတင်ဆောင်နိုင်ရာ အဝေးပြေးယာဉ်လိုင်းတို့၏ ဈေးကွက်ဝေစုများစွာ ခွဲပေးရဖွယ်ရှိနေပေသည်။ထို့ကြောင့်ရေရှည်တွင် ရန်ကုန်- မြိတ် အဝေးပြေးယာဉ်
လိုင်းတို့အတွက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်သလို ခရီးသည်တို့အတွက် များစွာရွေးချယ်ခွင့်ရပြီးဝန်ဆောင်မှုကောင်းများတွေ့ကြုံလာရဖွယ်ရှိနေသည်။

ယခုလောလောဆယ်အခြေအနေတွင် ရန်ကုန်မှလာသော ကားများ ထားဝယ်သို့အ၀င်စောစေကာမူမြိတ်သို့ဆက်ထွက်သည့်ကားများနှင့်ချိတ်ဆက်ထားမှုမရှိသေးသဖြင့် ခရီးသည်များ ထားဝယ်တွင်ညအိပ်စောင့်နေရဆဲဖြစ်
ကြောင်းတွေ့ရသည်။

ထို့ကြောင့်ရန်ကုန်- မြိတ်တောက်လျှောက်သွားနိုင်ရန်စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက်အဝေးပြေးယာဉ်လိုင်းတစ်ခု၏တာဝန်ခံကပြောကြားသည်။
အမြန်ရေယာဉ်ပြေးဆွဲမှုမှာ လောလောဆယ်တွင် ရန်ကုန်- မြိတ်-ရန်ကုန် ခရီးစဉ်ကိုFortuneExpressသာပြေးဆွဲနေသော်လည်းဈေးကွက်ထုံးစံအရ

ဟိုင်ဖိုင်၊ဧရာနဒီအမြန်ရေယာဉ်လိုင်းများကပါ ရန်ကုန် - ထားဝယ်- ရန်ကုန် ခရီးစဉ်များပြေးဆွဲလာခဲ့ပါက ထားဝယ်၏ လမ်းပန်းဆက်သွယ်ရေးအရွေ့နှင့် ပြိုင်ဆိုင်မှုအနေအထားသည် အရှိန်ပြင်းလာဖွယ်ရှိသည်။
 


ဓတ်ပုံ - ဖိုးဇော်

ထို့ပြင်ကုန်းလမ်း၊ရေလမ်းသာမကလေကြောင်းလမ်းပါယှဉ်ပြိုင်မှုတစ်ခုဖြစ်လာဖွယ်လည်းရှိနေသေးသည်။
ယခင်ကာလများကကဲ့သို့ခွဲတမ်းစနစ်၊စောင့်ဆိုင်းဝယ်ယူရသည့်စနစ်တွေမရှိတော့သည့် ထားဝယ်လေကြောင်းဈေးကွက်တွင် မြန်မာ့လေကြောင်း၊Air KBZ၊ Air Bagan၊ Air Mandalay၊ Asia Wings တို့ ပျံသန်းပြေးဆွဲနေပြီး Yangon Airways မှာမူထားဝယ်ခရီးစဉ်
ရပ်နားထားကြောင်းတွေ့ရသည်။အတည်ပြုချက်မရသေးသည့် သတင်းများအရ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမဏီ
(DDPCကလည်းApexအမည်ရှိလေကြောင်းလိုင်းနှင့်အများပိုင်ကုမဏီတစ်ခုကလည်း

“တနင်္သာရီလေကြောင်း”တို့ကိုပျံသန်းပြေးဆွဲလာနိုင်ဖွယ်ရှိကြောင်းသိရရာ
ထားဝယ်ဒေသ၏လေကြောင်းကဏ္ဍတွင်လည်း အပြိုင်အဆိုင်ဖြစ်လာဖွယ်ရှိနေသည်။
ရထားလမ်းပိုင်းအနေဖြင့်မူ ထားဝယ်မှရန်ကုန်သို့ ရထားပြေးဆွဲမှုရှိသော်လည်း ပြည်သူအများစု အလေးမထားသည့်
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်သည်။ရထားတွဲများဟောင်းနွမ်းအဆင့်မမီခြင်း၊

လမ်းပိုင်းကြံ့ခိုင်မှုနည်းခြင်းနှင့်ခုတ်မောင်းချိန်ကြာမြင့်ခြင်း
၊ရေး(သို့မဟုတ်)မော်လမြိုင်တွင်ရထားတစ်ဆင့်တွဲပြောင်းစီးရခြင်းတို့ကြောင့် ခရီးသွားပြည်သူ
တို့ အသုံးပြုမှုနည်းနေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ….။ရန်ကုန်ဗဟိုပြုသည့် ထားဝယ်လမ်းပန်းဆက်သွယ်ရေး အနေအထားသည် ၂၀၁၃ ခုနှစ်အတွင်းအဝေးပြေးမော်တော်ယာဉ်လိုင်းများ၌ အဆင့်မီကားများဖြင့်ဝန်ဆောင်မှုပိုင်းဆိုင်ရာပြိုင်ဆိုင်မှုများပေါ်ပေါက်လာဖွယ်ရှိပြီး၊

ရန်ကုန် မြိတ်အမြန်ရေယာဉ်ပြေးဆွဲလာမှုကြောင့်ဈေးကွက်ဝေစုတစ်ချို့ခွဲပေးရဖွယ်လည်းရှိလာနိုင်သည်။
ကုန်းလမ်း၊ရေလမ်း၊လေကြောင်းလမ်းအားလုံးတို့တွင် ခရီးသည်ဗဟိုပြုဝန်ဆောင်မှုတို့ပြိုင်ဆိုင်လာဖွယ်ရှိပြီး၊စိတ်ချလုံခြုံမှုသည်လည်းအရေးပါသော
ကဏ္ဍတစ်ခုအဖြစ်ထည့်သွင်းစဉ်းစားလာဖွယ်ရှိသည်။
အချို့သောကိစ္စရပ်များတွင်(ဥပမာအမြန်ရေယာဉ်ကိုအလှည့်ကျထွက်ခွာစေခြင်းမျိုး)အုပ်ချုပ်ရေးအဖွဲ့တို့
့ဝင်ရောက်စွက်ဖက်ခြင်းမပြုပါက
ခရီးသွားတို့အတွက်အကောင်းဘက်သို့ဦးတည်နေကာ“စားသုံးသူခေတ်”သို့ရောက်လာနိုင်ဖွယ်ရှိနေပေသည်။

ဖိုးဇော်(ထားဝယ်)
၂ ဖေဖော်ဝါရီ ၂၀၁၃
ထားဝယ်မြို့။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template