Headlines News :
Home » » ဆက်သွယ်ရေးဝန်ကြီးဌာနတွင်းဖြစ်ပေါ်လျက်ရှိသောအကျင့်ပျက်ခြစားမှု များနှင့် လာဘ်ပေးလာဘ်ယူမှုများ နှင့်ဆက်စပ်ပြီး အရာရှိ ၈ ဦးကို စုံစမ်း စစ်ဆေးလျက်ရှိပြီး မကြာမီ တရားရုံးတင်စစ်ဆေးသွားတော့မည်

ဆက်သွယ်ရေးဝန်ကြီးဌာနတွင်းဖြစ်ပေါ်လျက်ရှိသောအကျင့်ပျက်ခြစားမှု များနှင့် လာဘ်ပေးလာဘ်ယူမှုများ နှင့်ဆက်စပ်ပြီး အရာရှိ ၈ ဦးကို စုံစမ်း စစ်ဆေးလျက်ရှိပြီး မကြာမီ တရားရုံးတင်စစ်ဆေးသွားတော့မည်

Written By လွင့်မောင်မောင် on Tuesday, February 5, 2013 | 10:30 PM

ဆက်သွယ်ရေးဝန်ကြီးဌာနတွင်းဖြစ်ပေါ်လျက်ရှိသောအကျင့်ပျက်ခြစားမှု များနှင့် လာဘ်ပေးလာဘ်ယူမှုများ နှင့်ဆက်စပ်ပြီး အရာရှိ ၈ ဦးကို စုံစမ်း စစ်ဆေးလျက်ရှိပြီး မကြာမီ တရားရုံးတင်စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးအရေးယူခံထားရသည့် ဆက်သွယ်ရေး အကြီးတန်းအရာရှိ ၈ ဦးကို လာမည့်နှစ်လအတွင်း တရားရုံးတင်စစ်ဆေးမှုများ စတင်တော့ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပုဒ်မ ၄၀၉ ဖြင့် စုံစမ်း စစ်ဆေးမှုမျာြး ပုလုပ်ခံနေရပြီး၊ စုံစမ်းစစ်ဆေးမှုကာလအလွန် လာမည့်နှစ်လခန့်အကြာတွင် အများနှင့်သက် ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃) ဖြင့် တရားစွဲဆိုခြင်းကို ပြုလုပ်တော့မည်ဟု ပြည်ထဲရေးဝန် ကြီးဌာနမှ သိရှိရသည်။

ဆက်သွယ်ရေးအရာရှိများ အရေးယူရာတါင် ယခင်စစ်အစိုးရလက်ထက် အမှုများနှင့် မသက်ဆိုင်ဘဲ ယခုအစိုးရသစ်လက်ထက် တွင်ဖြစ်ပေါ်သော အမှုများကိုသာ စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ သိရှိရသည်။

လတ်တလော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးသိန်းဦးအပါအ၀င် အရာရှိ ၈ ဦးကို နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှု ပုဒ်မ ၄၉၀ ဖြင့်အမှုဖွင့်ထားပြီး အရေးယူရန်ပြင်ဆင်လျက်ရှိကြောင်း၊ ထိုသို့အရေးယူရာတွင် ယခင်စစ်အစိုးရလက်ထက် ဖြစ်ပွားခဲ့သော အမှုအခင်းများနှင့်ပတ်သက်ခြင်းမရှိဘဲ ယခု အစိုးရသစ်လက်ထက် တွင်း မိုဘိုင်းလ်ဖုန်းသန်း ၃၀ ချထားပေးမည့် စီမံကိန်းနှင့်တိုက်ရိုက်ပတ်သက်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးပြောသည်။

“အရင်ခေတ်က အမှုမဟုတ်ပါဘူး။ ဒီအစိုးရသစ်မှာ လတ်တလောဖြစ်ခဲ့တဲ့ အမှုတွေ၊ နှစ်သိန်းတန်ဖုန်းချပေးတဲ့ကိစ္စ၊ မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးကွန်ရက်တွေတည်ဆောက်တဲ့နေရာမှာဖြစ်တဲ့ကိစ္စ၊ ပုဂ္ဂလိက ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေပါ။ အရင်ခေတ်က အမှုတွေပါပြန်စစ်ရင်တော့ အားလုံးမီးခိုးကြွက်လျှောက်ပါမယ်” ဟု အဆိုပါအရာရှိက ပြောသည်။

စစ်အစိုးရလက်ထက် ဆက်သွယ်ရေးဝန်ကြီးမှာ ဦးသိန်းဇော်ဖြစ်ပြီး ယခုအခါ ဦးသိန်းဇော်သည် ကြံ့ခိုင်ရေးပါတီတွင် ခေါင်းဆောင်ပိုင်းတာဝန် ထမ်းဆောင်နေကြောင်း၊ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများမှာလည်း ကြံ့ခိုင်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများပိုင်ဆိုင် ထားကြောင်း၊ ယင်းကြောင့် စစ်အစိုးရလက်ထက် ခြစားမှုများကို ဖော်ထုတ် အရေးယူရန်မှာ အလွန်ရှုပ်ထွေး မည်ဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နောက်ကြောင်းပြန် အရေးယူခွင့်မရှိဟု တရားဝင်ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် အရေးယူရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၄ ၊ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ တွင် အစိုးရသစ်သည် ယခင်အစိုးရထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်များ၊ ရပိုင်ခွင့်များကို ဆက်ခံရဖြစ်ပြီး ယခင်အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦး၏တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ရဲတပ်ဖွဲ့ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး(မှုခင်း)ဒုတိယရဲမှူးကြီးဝင်းစိန်က လည်း ဆက်သွယ်ရေးအရာရှိ ၈ ဦးအမှုဖွင့်ခံထားရမှုမှာ အစိုးရသစ်လက်ထက်တွင် ဖြစ်ပေါ်သော အလွဲသုံးစားမှုများနှင့်သာ ဆက်စပ်ပြီး CID က ဦးဆောင်စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။

အရေးယူခံထားရသည့် ဆက်သွယ်ရေးအရာရှိများတွင် အချို့မှာ ရာထူးချထားခံရခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရ ခြင်းများရှိကြောင်း သိရှိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ အခြားအရာရှိများကိုလည်း ခေါ်ယူစစ်ဆေးခြင်း၊ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများကို ခေါ်ယူမေးမြန်းခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးပစ္စည်းဝယ်ယူသည့် ကိစ္စ၊ တရုတ်ကုမ္ပဏီဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် ZTE ၊ HUAWEI များနှင့်ချုပ်ဆိုထားသော စာချုပ်များကိုလည်း စစ်ဆေးသွားရန်ရှိကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်က နိုင်ငံသားတိုင်းသက်သာစွာအသုံးပြုနိုင်ရေးအတွက် ၅ နှစ်အတွင်း မိုဘိုင်းလ်ဖုန်း သန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ်ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းအတွက် ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ၊ ဦးတေဇပိုင် E-Lite Tech၊ ရတနာပုံ တယ်လီပို့၊ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ၏သားဖြစ်သူ ဦးနေအောင်အပါအ၀င် ဆွေမျိုးများ ပိုင်ဆိုင်သည့် IGEကုမ္ပဏီ၊ Asia Mega Link ကုမ္ပဏီ အပါအ၀င် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း၊ ကုမ္ပဏီ ၁၃ ခုက ရင်းနှီးမြှုပ်နှံမှုနှင့် စက်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီး ကျန် ၁၀ ခု မှာစက်ပစ္စည်း တပ်ဆင်ပေးသည့် လုပ်ငန်းများ ရရှိခဲ့သည်။

သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ အနားယူခွင့်ပြုခဲ့သည်။

Irrawaddy News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template