Headlines News :
Home » » တရားမမှုများတွင် တရားစွဲပါကရုံးခွန် ၁၅ သိန်းပေးသွင်း ရခြင်းကို ပြုပြင်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းမည်

တရားမမှုများတွင် တရားစွဲပါကရုံးခွန် ၁၅ သိန်းပေးသွင်း ရခြင်းကို ပြုပြင်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းမည်

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 10:47 AM

ရန်ကုန်၊ ဖေဖော်ဝါရီ ၂။
ရုံးခွန် အဆ၁၀၀ တိုးမြှင့်လိုက်သဖြင့် တရားမမှုများတွင် တရားစွဲဆိုမှု ပြုလုပ်ပါကရုံးခွန်အဖြစ် ငွေကျပ် ၁၅သိန်းပေးသွင်းနေရခြင်းကို ပြန်လည်ပြုပြင်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။

ပိုက်ဆံရှိသူများသာတရားစွဲဆိုနိုင်ပြီးပိုက်ဆံမရှိသူများ တရားစွဲဆိုရန် ခက်ခဲသောငွေပမာဏဖြစ်သည့် တရားစွဲဆိုလျှင် ရုံးခွန် ငွေကျပ် ၁၅သိန်း ပေးသွင်းရခြင်းကိစ္စရပ်ကို
ပြုပြင်ပေးရန် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ပြည်သူ့
လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌသို့
တင်ပြရာ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအဖြစ်တင်သွင်းရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေးဥပဒေရေးရာကော်မတီဥက္ကဋ္ဌက ပြောကြားသည်။

“ရုံးခွန်တော်ကိုအဆတစ်ရာတက်လိုက်တာက ကျွန်တော်တို့
နိုင်ငံက လူတွေတရားမစွဲနိုင်အောင် ပြဌာန်းသလိုဖြစ်နေတယ်။
ပိုက်ဆံရှိတဲ့ သူတွေပဲ တရားစွဲနိုင်ပြီး ပိုက်ဆံမ၇ှိတဲ့သူတွေ ခံရမယ့် ပုံစံဖြစ်နေတယ်”ဟုရှေ့ နေများကွန်ယက်မှ ဦးကိုနီက ပြောကြားသည်။

တရားမမှုများဖြစ်ပေါ်ပါကတရားစဆွဲလျှင် ရုံးခွန်တော်
ငွေကျပ် ၁၅သိန်းပေးသွင်းရပြီး၊ အမှုရှုံးလျှင် ထို ၁၅သိန်း
ပြန်ယူခွင့်မရှိကြောင်း၊ အမှု ရှုံးသူဘက်မှ နောက် တစ်ဆင့်
အယူခံတက်လိုလျှင် ငွေကျပ် ၁၅သိန်း ထပ်မံသွင်းရကြောင်း၊
ပြင်ဆင်မှု အဖြစ်လျှောက်ထားလျှင်လည်း ငွေကျပ် ခုနှစ်သိန်းခွဲ
ပေးသွင်းနေရကြောင်း၊ ထိုကြောင့် မတရားစွပ်စွဲတရားစွဲခံရသူ
များမှာ ငွေကြေးမတတ်နိုင်သူများ ဖြစ်ပါက တရားရှုံးလျှင်
ပြန်လည် တရားစွဲဆိုရန် ၊ ပြန်လည် အယူခံဝင်ရန် မတတ်
နိုင်သဖြင့် ပိုက်ဆံရှိသူများ၏ မတရား၊ တရားစွဲဆိုမှုများကို ခံနေရကြောင်း ရှေ့နေဦးကိုနီကပြောကြားသည်။

ယခင်က တရားစွဲဆိုရာတွင် ရုံးခွန်အဖြစ် ရ၅၀၀ကျပ်
ပေးသွင်းရပြီး၊ ၈၈ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရုံးခွန်
နှစ်ဆတက်ခဲ့ပြီး ၁၅၀၀၀ ကျပ်ပေးသွင်းရကြောင်း၊ ယခုဒီမို
ကရေစီအစိုးရသစ် လက်ထက်တွင် ရုံးခွန်ကို အဆတစ်ရာ
တိုးမြှင့်ပြီး ၁၅သိန်းကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ရုံးအခွန်ငွေ တိုးမြှင့်ခြင်းနှင့် ပတ်သတ်ပြီးယခင်ကလွှတ်တော်
တွင် ဆွေးနွေးမှု ပြုလုပ်ဖူးသော်လည်း မှတ်တမ်းတင်သည့် အဆင့်သာ ရောက်ရှိခဲ့ကြောင်းလာမည့် အပတ်လွှတ်တော်တွင် ထပ်မံဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းရန်
ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ပြောကြားသည်။

ဆုဝေ(Myanma Age)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template