Headlines News :
Home » » ပုဂ္ဂလိက အာမခံကုမ္ပဏီ သုံးခု မတည်ငွေ သွင်းပြီး ဟုဆို

ပုဂ္ဂလိက အာမခံကုမ္ပဏီ သုံးခု မတည်ငွေ သွင်းပြီး ဟုဆို

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 11:24 AM

 မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း အပါအဝင် ကုမ္ပဏီ သုံးခုက ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ရန် မတည် ရင်းနှီးငွေ ပေးသွင်းပြီး ဖြစ်ကြောင်း မြန်မာ့ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက The Voice Weekly သို့ ပြောကြား သည်။

 ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့် ကုမ္ပဏီ ၁၂ ခုတွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းပိုင် အောင်သစ္စာဦး အာမခံ ကုမ္ပဏီ လီမိတက်၊ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီ လီမိတက် တို့နှင့် Grand Guardian Insurance Public Co., Ltd. တို့က မြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ၄ တွင် မတည် ရင်းနှီးငွေ ပေးသွင်းထားပြီး အခြားကုမ္ပဏီ များ၏ ပြင်ဆင်နေမှု များကိုလည်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က စောင့်ကြည့်လျက် ရှိကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ တာဝန် ယူထားသူ ဦးအေးမင်းသိန်းက ဆိုသည်။

 ကုမ္ပဏီများ အဆင်သင့် ဖြစ်ပါက လုပ်ငန်းလိုင်စင် စတင် ချထားပေးမည် ဖြစ်ပြီး လိုင်စင် ထုတ်ပြီး တစ်နှစ် အတွင်း လုပ်ငန်း လည်ပတ်နိုင်ခြင်း မရှိပါက ဥပဒေ အရ လိုင်စင် သိမ်းနိုင် သော်လည်း သတိပေး အကြောင်းကြားသည့် ပုံစံ မျိုးသာ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး က ရှင်းပြသည်။

 "ဝန်ထမ်းတွေတော့ အဆင်သင့် ဖြစ်နေပါပြီ" ဟု နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် လီမိတက် အမည်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသော သမဝါယမ ဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ၎င်းတို့၏ ပြင်ဆင် ထားမှုကို ပြောကြားသည်။

အသက် အာမခံလုပ်ငန်း လုပ်ကိုင်မည် ဆိုပါက မတည် ရင်းနှီးငွေ ကျပ်သန်း ခြောက်ထောင် ပေးသွင်းရမည် ဖြစ်ပြီး အသက် အာမခံနှင့် အထွေထွေ အာမခံအတွက် ကျပ်သန်း လေးသောင်းခြောက်ထောင် မတည် ရင်းနှီးငွေ ပေးသွင်း ရမည် ဖြစ်ကာ အဆိုပါ မတည် ရင်းနှီးငွေ များထဲမှ ၆၀ ရာခိုင်နှုန်း ကို လုပ်ငန်း လည်ပတ်ရန် သုံးစွဲခြင်း၊ ၃၀ ရာခိုင်နှုန်းကို ငွေတိုက် စာချုပ် ဝယ်ယူခြင်း၊ ၁၀ ရာခိုင်နှုန်း ကို မြန်မာ့ စီးပွားရေး ဘဏ်၌ အာမခံကြေး အဖြစ် ထားရှိခြင်း တို့ ပြုလုပ်ရမည် ဖြစ်ကြောင်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ကြေညာ ထားသည်။ အသက် အာမခံ လုပ်ငန်းကို ကုမ္ပဏီ သုံးခု၊ အသက် အာမခံနှင့် အထွေထွေ အာမခံ လုပ်ငန်းကို ကုမ္ပဏီ ကိုးခုက လုပ်ကိုင်ခွင့် ရရှိ ထားသည်။
The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template