Headlines News :
Home » » ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပန်းတနော် ဆန္ဒထုတ်ဖော်ပွဲ အပြန် အဖမ်းခံခဲ့ရ

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပန်းတနော် ဆန္ဒထုတ်ဖော်ပွဲ အပြန် အဖမ်းခံခဲ့ရ

Written By လွင့်မောင်မောင် on Sunday, February 3, 2013 | 9:34 AM

အဖမ်းခံခဲ့ရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်
ဖေဖော်ဝါရီလ (၁)ရက်နေ့က  ပန်းတနော်ဒေသခံတစ်ထောင်ကျော်၏ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌရာထူးမှ မပြောင်းရွှေ့ရန်တောင်းဆို ခဲ့ကြသည့် ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ ဆန္ဒထုတ်ဖော်ပွဲအပြန်ခရီးတွင် ဖမ်းဆီးခံခဲ့ရသည်။
ဒီကနေတော့ ၂နာရီကျော်ကျော်လောက်က ပြန်သွားတာပဲဗျ၊ အဲ့ဒါ ၃နာရီခွဲလောက်မှာ ဗိုလ်မြတ်ထွန်းတံတား နားမှာ အဖမ်းခံရတယ်လို့ ကြားရတာပဲ၊ ဘာ့ကြောင့်ဖမ်းလဲဆိုတာတော့ မသိရသေးဘူးဗျဟု ဆန္ဒထုတ်ဖော်ပွဲ တွင်ပါဝင်သူ ပန်းတနော်မြို့ခံတစ်ဦးက ပြောသည်။
ကိုနေမျိုးဇင်အား ပန်းတနော်ဆန္ဒထုတ်ဖော်ပွဲအပြီး ရဲဝန်ထမ်းများမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကိုလည်း you tube တွင် တင်ထားသည့် ၄င်း၏ ဗွီဒီယိုမှတ်တမ်းများအရ သိရသည်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ ဇန်န၀ါရီလ(၁၃)ရက်နေ့က ပန်းတနော်တွင်ပြုလုပ်ခဲ့သော အခွင့်အရေးနှင့် ရပိုင်ခွင့်ဆုံးရှုံးနေသည့် ရေလုပ်သားနှင့်လယ်သမားများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။
သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်မည့်အရေးနှင့် ပတ်သက်၍ တိုင်းအတွင်းရှိ နေရာဒေသအနှံ့အပြားမှ ဒေသခံများက နည်းမျိုးစုံဖြင့် အပြင်းအထန်ကန့်ကွက်မှုများ ပြုလုပ်လျှက်ရှိပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့ မနက်(၁၀)နာရီခန့်က ပန်းတနော်ဘောလုံးကွင်း၌   ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲမှာ တိုင်းအတွင်း ပထမဆုံး အကြိမ်ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲဖြစ်သည်။
ကျွန်တော်တို့မှာ မိဘမဲ့နေသလို အားကိုးရာမဲ့ပြီး ဖမ်းချင်တိုင်း အဖမ်းခံနေရတဲ့ဘ၀တွေကနေ ဦးဆန်းဆင့် ပေါ်လာတော့မှ အကူအညီတွေပေးလို့ ဒုက္ခတွေကသက်သာရာရခဲ့တာ မကြာသေးပါဘူး၊ ဒါ့ကြောင့် သူပြောင်း မယ့် ကိစ္စကို ပြည်သူတွေက သဘောမတူကြောင်း ဆန္ဓထုတ်ဖော်တာပါဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံများအား အာဏာပိုင်များက ကိုင်တွယ်ရာတွင် မအူပင်ခရိုင်မှာ အကြမ်းဆုံး ဖြစ်ပြီး ဇန်န၀ါရီလ အတွင်းက ညောင်တုန်းမြို့နယ်အတွင်းရှိ ငှက်ပျောကျွန်းကျေးရွာသားများအား ငါးခိုးဖမ်း သည်ဆိုကာ ရဲတပ်ဖွဲ့ဝင် ၁၂၀ ခန့်က ပစ်မိန့်ရပြီဟုဆိုကာ လည်စီးအနီများ ၀တ်ဆင်လျှက် သေနတ်များဖြင့် ချိန်ကာ ဖမ်းဆီးမှုဖြစ်ခဲ့ရာတွင် မခံရပ်နိုင်ကြသော ဒေသခံ များက ညောင်တုန်းမြို့တွင် ခွင့်ပြုမိန့်တင်ကာ ဆန္ဒ ဖော်ထုတ်ခဲ့ရာတွင် ခေါင်းဆောင်သုံးဦး အဖမ်းခံခဲ့ရသည်။


မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template