ဇွန်လ ၇ ရက် ၂၀၁၃
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မိမိတို့ နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းသည် ပြည်သူများ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အပိုင်း (၂) ပိုင်းရှိပြီး နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ ဖြစ်ပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မည် ဖြစ်သကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးမှ လည်း နိုင်ငံ တည်ငြိမ် အေးချမ်းမည်ဖြစ်ရာ နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် တည်မှီလျက် ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမျာ
လက်ရှိတွင် ပြည်တွင်း၌ စီးပွားရေးကဏ္ဍကို ပုဂ္ဂလိကကဏ္ဍ၊ သမဝါယမကဏ္ဍနှင့် နိုင်ငံပိုင် ကဏ္ဍဟူ၍ ဒေါက်တိုင်သုံးခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှာ (၉၀) ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် နှစ်ပေါင်း (၂၀) ခန့် စီးပွားရေး ပိတ်ဆို့ခံခဲ့ရသည့်အတွက် စီးပွားရေးကဏ္ဍကို ပြန်လည်မြှင့်တင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ မိမိတို့ နိုင်ငံ တွင် ကျေးလက်နေ ပြည်သူမှာ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့် ရှိနေသည့် အတွက် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီး ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လက်ရှိလူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံသည့်အပြင် ပိုလျှံမှုပင် ရှိပါကြောင်း၊ ပြည်ပသို့ ပို့ကုန်တွင်(၃၀) ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ နောင်တိုးပွားလာ မည့် လူဦးရေအတွက် စားနပ်ရိက္ခာ လုံလောက်မှု ရှိအောင် မျှော်မှန်းလုပ်ဆောင်လျက် ရှိပါကြောင်း။
သို့သော် စိုက်ပျိုးရေးလုပ်ငန်းဖြင့် နိုင်ငံကြွယ်ဝချမ်းသာနိုင်မည် မဟုတ်သဖြင့်စက်မှုနိုင်ငံ ထူထောင်နိုင်မှသာ ကြွယ်ဝချမ်းသာနိုင် မည်ဖြစ်၍ စက်မှုနိုင်ငံထူထောင်ရန်အတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို ရရှိနိုင်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိ
ထို့ကြောင့် ယနေ့ အချိန်သည် မိမိတို့နိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အကောင်းဆုံးအချိန် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေသည့်အတွက် နိုင်ငံသားများ အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေရသည်များရှိရာ မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပါက အဆိုပါ လုပ်သားများ အနေဖြင့် မိမိတို့ နိုင်ငံကို ပြန်လည်လာရောက် လုပ်ကိုင်ကြမည် ဖြစ်ပါကြောင်း၊ ပြည်ပမှ အရင်းအနှီး နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များကို မိမိတို့ နိုင်ငံရှိ သဘာဝ အရင်းအမြစ်များ၊ လုပ်သားအင်အားများဖြင့် ပေါင်းစပ်လိုက်မည် ဆိုပါက နိုင်ငံလည်း အကျိုးရှိ၊ ပြည်သူလည်း အကျိုး ရှိပြီး ကုမ္ပဏီများဘက်ကလည်း အကျိုးဖြစ်ထွန်းနိုင်မည့် (Win-Win-Win Situation) အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေရခြင်းပင် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကြောင်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့နှင့် စပ်လျဉ်း၍ မေးမြန်း ဆွေးနွေး ကြရာ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်ဆွေးနွေးပွဲ ကာလအတွင်း ယခုကဲ့သို့ နိုင်ငံတော်သမ္မတနှင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့မှု သည် နောင်အနာဂတ်အတွက် ရလဒ်ကောင်းများ ပေးထွန်းလာနိုင်စေမည် ဖြစ်ကြောင်း သတင်းရရှိ သည်။
Myanmar president office