Headlines News :
Home » » ပြည်မြို့ ထွန်တုံးတိုက်ပွဲအစီအစဉ်ကို အစိုးရ တားမြစ်

ပြည်မြို့ ထွန်တုံးတိုက်ပွဲအစီအစဉ်ကို အစိုးရ တားမြစ်

Written By လွင့်မောင်မောင် on Sunday, June 2, 2013 | 3:13 PM





 မြန်မာ့ကြံလုပ်ငန်းက သိမ်းဆည်းထားခဲ့သော လယ်ယာမြေများပေါ်တွင် မူလ ပိုင်ရှင်များဖြစ်သော    ပြည်မြို့နယ် ပန်းတင်၊ ရှမ်းကုန်း၊ ရှမ်းစု၊ လက္ခုပ္ပင် ရွာတို့မှ တောင်သူအင်အား (၁၅၀) က နွားအရှဉ်း (၃၀) ဖြင့် ထွန်တုံးတိုက်ပွဲဆင်နွှဲရန်  ပြီးခဲ့သည့် ဗုဒ္ဓဟူးက ပြင်ဆင်ခဲ့ကြသည်။

 
(ဓာတ်ပုံများ - ကောင်းမြတ်မင်း/ဧရာဝတီ)

သို့သော်လည်း ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တားမြစ်ခဲ့သည့်အတွက် အစီအစဉ် ပျက်သွားသည်။

    “ ဒီပွဲကို ဆက်မလုပ်ဖို့နဲ့ အထက်အဆင့်ဆင့်ကို တင်ပြပေးပြီး၊ အမြန်ဆုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့ ဦးအောင်ဇော်ထက်က ကျနော်တို့ကိုပြောလို့ ဒီပွဲကိုဖျက်လိုက်ရတာပါ။ လယ်ယာမြေတွေနဲ့ ပတ်သတ်လို့ လယ်သမားတွေဘက်က မျှော်လင့်ချက်ရှိကြောင်း ပြောသွားတယ်။
သူလာတဲ့အချိန်မှာ မြို့နယ်ရဲမှူးနဲ့ ရဲဝန်ထမ်းသုံးဆယ်လောက်လည်း ပါတယ်” ဟု ထွန်တုံးတိုက်ပွဲ ဦးဆောင်သူ ပန်းတင်ရွာမှ တောင်သူဦးစိုးဝင်းက ဧရာဝတီသို့ပြောသည်။

ထွန်တုံးတိုက်ပွဲဆင်မည့်သူများထံ ရောက်လာသည့် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်ကို သတင်းထောက်များက မေးခွန်းထုတ်ရာတွင်
 ယခုကိစ္စနှင့်ပတ်သက်၍ ၎င်းအနေနှင့် မဖြေကြားနိုင်ကြောင်း တုန့်ပြန်ခဲ့သည်။ 

လယ်ယာ အသိမ်းခံရသူတဦးဖြစ်သည့် ပန်းတင်ရွာမှ တောင်သူ ဒေါ်ရင်သိန်းက ၎င်းတို့၏ အခြေအနေကို အောက်ပါအတိုင်း လိုတိုရှင်း ပြောပြသည်။

    “ ဒီယာတွေစသိမ်းကတည်းက ကျမတို့မှာ လုပ်စားစရာ မရှိလို့ မျှစ်ချိုး၊ ဖက်ခူးနဲ့ ကြုံရာလုပ်ပြီး ဘဝကိုရပ်တည်ခဲ့ရတယ်။
အဲဒီ သကြားစက်မှာ အလုပ်သွားတောင်းတော့လည်း ကျမတို့ရွာတွေက လူတွေမှန်းသိရင် အမှိုက်ကောက် အလုပ်တောင် မခန့်ဘူး။
ကျမသားလေးဆို ကျောင်းဆက်မထားနိုင်လို့ ဆယ်တန်းကို နှစ်လပဲ တက်ပြီးပြန်လာခဲ့ရတယ်။ အခုကျမသမီးလေးလဲ ရှစ်တန်းတက်နေတာ မိုးကာအင်္ကျီတောင် သူများဝယ်ပေးမှ ဝတ်နိုင်တဲ့ ဘဝတွေဖြစ်ခဲ့ရတယ်။
 အခုလည်း ဖြေရှင်းပေးမယ်လို့သာပြောတယ် ဒီပွဲကို မဖြစ်အောင် တမင်ပြောတာလို့ပဲထင်တယ် ” ဟု  ဒေါ်ရင်သိန်းက ငိုပြီးပြောပြသည်။

ဒေသခံတဦးဖြစ်သည့် ဦးစိုးဝင်းကလည်း အောက်ပါအတိုင်း ပြောသည်။

“ ဆန္ဒလည်းပြတယ်၊ တိုင်ကြားစာတွေလည်းပို့တယ်။ ဒီအချိန်အထိ ဘာမှအကြောင်းမထူးဘူး။ ၂၇ ရက်နေ့က မြေစာရင်းမှာ လယ်ယာမြေ မှတ်ပုံတင်ဖို့သွားလျှောက်တော့ မူလကြံဌာနကိုသာ ဦးစားပေးမှတ်ပုံတင်လုပ်ပေးသွားမယ်တဲ့ မူလစိုက်ပျိုးသူကိုသာ ဦးစားပေးရမယ်ဆိုတဲ့ မူဝါဒကြောင့်လို့ပြောတယ်။
တကယ်ဆိုကျနော်တို့က ဓားမဦးချ လုပ်လာတဲ့ တောင်သူတွေပါ။ မြန်မာ့ကြံလုပ်ငန်းကမသိမ်းခင်ကတည်းက နိုင်ငံတော်စီမံကိန်းအရ ကျနော်တို့အဲဒိမြေတွေပေါ်မှာ ဝါတွေစိုက်ခဲ့ရပါတယ်။ အဲဒိတုန်းက ဝါရောင်းခဲ့တဲ့ မြေစာတွေလည်း အခုထိရှိပါတယ်။
ကျနော်တို့ ဘက်မှာကျတော့ ဘယ်သူမှ ရပ်တည်ပေးမဲ့လူမရှိဘူး။ အဲဒါကြောင့် ဖမ်းချင်လည်း ဖမ်းပါစေဆိုပြီး ဒီတိုက်ပွဲကို ပြုလုပ်ဖို့ စီစဉ်ခဲ့ရတာပါ” ဟု ဦးစိုးဝင်းက ပြောသည်။

ထိုလယ်မြေများကို အစိုးရ၏ မြန်မာ့ကြံလုပ်ငန်းက ၁၉၉၆-၉၇ ခုနှစ်တွင် သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 









သတင်းနှင့်ဓာတ်ပုံ- ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template