Headlines News :
Home » » ပဋိပက္ခများ ဂယက်ကြောင့် ဗန်းမော်သားများ အထိတ်တလန့်ဖြစ်နေ

ပဋိပက္ခများ ဂယက်ကြောင့် ဗန်းမော်သားများ အထိတ်တလန့်ဖြစ်နေ

Written By လွင့်မောင်မောင် on Wednesday, June 5, 2013 | 9:45 AM

ယခုတလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားသည့် မွတ်စလင် ပဋိပက္ခများ ကချင်ပြည်နယ်
ဗန်းမော်မြို့အထိ ဂယက်ရိုက်ခတ် လာပြီး မြို့ခံများ အနေဖြင့် စိုးရိမ်ထိတ်လှန့်နေကြောင်း
စုံစမ်းသိရသည် ။

ယမန်နေ့ညပိုင်းက ဗန်းမော်မြို့ပေါ်ရှိ မွတ်စလင်ဈေးဆိုင်များအပါအဝင် ဈေးဆိုင်များ စောစီးစွာ ပိတ်ခဲ့ကြရာယနေ့တွင် လူအသွား အလာများ ခြောက်ကပ်နေ သလို မြို့ခံအများစုမှာ အိမ်တွင်း၌သာ နေထိုင်နေကြောင်းသိရသည် ။

ကောဠာဟာလ သတင်းများကြောင့်  နှစ်ဘက်စလုံးက သူ့ကိုယ်မယုံ ကိုယ့်သူမယုံဖြင့် စိုးရိမ်မှု တိုးပွားနေခြင်း ဖြစ်ကြောင်း ဗန်းမော် မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ယခုကဲ့သို့ ပြောသည် ။

“မနေ့ညကဆိုရင် မွတ်စလင်ဆိုင်တွေက အစောကြီးပိတ်သွားတော့ ကျန်တဲ့ဆိုင်တွေလည်း တစ်ခုခု ဖြစ်တော့မလားဆိုပြီး အကုန်လိုက်ပိတ်ကုန်တယ်။
အခုဆိုရင်ခရီးထွက်မဲ့လူတွေတောင် မထွက်ကြတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်ပဲနေကြတယ် ။
သ တင်းတွေကလည်း အမျိုးမျိုးထွက်နေတာပေါ့ ။ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကိုကုလားက ပါးရိုက်တယ် ဆိုတာတို့။ ကျမတို့ ကိုယ်တိုင်ရဲစခန်းမေးတော့လည်း မဟုတ်ဘူးလို့ ပြောတယ်။
ဒီရက်ပိုင်း ကုလားတွေ စက်လှေတွေနဲ့ ရောက်လာတာရှိတယ် ။ အဲဒါအထဲမှာ လူမိုက်တွေ ပါလာတယ်ဆိုပြီးတော့လည်း ပြောနေကြတာပေါ့နော်။ ကျမတို့ဆိုရင် လူသတ်ဖို့မပြောနဲ့ ခြင် တောင် ရိုက်သတ်ဖို့တောင်ဝန်လေးပါတယ် ” ဟု ပြောသည် ။

လွန်ခဲ့သည့် ၂ ရက်ခန့်က ဗန်းမော်နယ် အောက်ဘက်ရှိ ကသာမြို့၌ အဆိုပါ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ဟုသတင်းထွက် ပေါ်လာပြီး မွတ်စလင်ဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ဝေမှုများကြောင့် အခြေအနေကိုပိုဆိုးဝါးစေကြောင်း မြို့ခံများက ဆိုသည် ။

 “မွတ်စလင်တွေက လူနည်းစုဆိုတော့ ပိုပြီးစိုးရိမ်ကြမှာပေါ့လေ ။ အခုဆိုရင် နှစ်ဘက်စလုံးက ခပ်တန်းတန်းဖြစ်သွားပြီ ။ သွား တာလာတာလည်း ကျဲသွားတာပေါ့ ။ သူတို့ မွတ်စလင်တွေကလည်း ဓါးတွေဝယ်စုနေကြတယ်။
 ပန်းဘဲဖိုတွေအထိ လိုက်ဝယ် နေတယ်။ အခြေအနေတွေ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်စေချင်ပါတယ် ” ဟု နောက်ထပ်မြို့ခံ လူငယ်တစ်ဦးက ဆိုသည် ။

အဆိုပါ ပဋိပက္ခများ မြန်မာနိုင်ငံ နေရာအနှံ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မေလကုန်ပိုင်းက သျှမ်းပြည် (မြောက်ပိုင်း)လားရိုးမြို့ အထိ ကူးစက်ဖြစ်ပေါ်ခဲ့သည် ။ အဆိုပါ ပဋိပက္ခ၏ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားသူများ ရှိပြီးလူထုအကြား နက်ရှိုင်း သည့် အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဟု  လေ့လာသူတစ်ဦးက ပြောသည် ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template