Headlines News :
Home » » ထီးမဆောင်း၊ အဖြူရောင် အင်္ကျီ ၀တ်ဆင်ပြီး ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း စစ်တွေတွင် ဆန္ဒ ဖေါ်ထုတ်မည်

ထီးမဆောင်း၊ အဖြူရောင် အင်္ကျီ ၀တ်ဆင်ပြီး ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း စစ်တွေတွင် ဆန္ဒ ဖေါ်ထုတ်မည်

Written By လွင့်မောင်မောင် on Monday, June 3, 2013 | 8:26 PM


စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရမှ ထုတ်ပြန်သော ဒေသန္တာရ အမိန့်ကို ထောက်ခံသော အားဖြင့် မနက်ဖြန်တွင် လူထု ဆန္ဒ ဖေါ်ထုတ်ပွဲ တစ်ခု ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
296149_240896472701728_577792690_n
ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး လက်ကမ်း ကျေညာချက်များအား စစ်တွေမြို့တွင် ယနေ့ ဖြန့်ဝေရာ အဆိုပါ ကျေညာချက်ထဲတွင် ဆန္ဒဖေါ်ထုတ်သူများ အနေဖြင့် ထီးမဆောင်းရ၊ အဖြူရောင် အကျီင်္များ ၀တ်ဆင်လာရမည်ဟု ဖေါ်ပြထားသည်။
ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး ယနေ့ နေ့လည်ပိုင်းက  စစ်တွေမြို့ မြို့မ ဘုန်းတော်ကြီး ကျောင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းပေါင်း (၂၀) ကျော် တက်ရောက် ခဲ့သည်ဟု သိရသည်။ တက်ရောက်ခဲ့သူများမှာ ရဟန်းတော်များ၊ နိုင်ငံရေးပါတီတချို့နှင့် လူမှု ကွန်ယက်အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။
အစည်းအဝေး လုပ်ရခြင်းမှာ ရခိုင်ပြည်နယ် အစိုးရမှ ထုတ်ပြန်သော ဒေသန္တာရ အမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖေါ်ထုတ်လို၍ ဖြစ်ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူ စစ်တွေမြို့ စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီထောက်ပံ့ရေး ရဟန်းတော်များ ကွန်ယက်မှ ဆရာတော် ဦးဝဏ္ဏသာမိမှ မိန့်ကြားသည်။
“ အဓိက ဦးဇင်းတို့စီစဉ်ရတာက အာဏာပိုင်တွေ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂလီတွေ တစ်လင်တစ်မယားစနစ်နဲ့ ကလေး ၂ ယောက် ယူဖို့ ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်ကို ထောက်ခံဖို့အတွက် ဖြစ်တယ်။”
ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၃ ခုကို တောင်းဆိုရန် ချမှတ်ခဲ့ကြကြောင်း ဆရာတော် ဦးဝဏ္ဏသာမိက ဆက်ပြောသည်။
“ ဘူးသီးတောင်မောင်တောရှိ ဘင်္ဂလီများ တစ်လင်တစ်မယားစနစ်ဖြင့် ကလေး ၂ ယောက်ယူရန် ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်ကို ထောက်ခံတယ်။ ရခိုင်ပြည်နယ်တခုလုံးရှိ ဘင်္ဂလီတွေကိုလည်း ကလေး ၂ ယောက်ယူရန် အမိန့် ထုတ်ပြန်ဖို့ တောင်းဆိုမယ်။ နောက်ပြီး ဆွဲတင်စစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တောင်းဆိုဖို့ ဆုံး ဖြတ်ခဲ့ကြတယ်” ဟု ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၄ ရက် နေ့လည် (၁)  နာရီတွင် စစ်တွေမြို့လယ်ရှိ ၀င်္ကာဘာကွင်းတွင်  စတင် ပြုလုပ် မည်ဖြစ်သည်ဟု ဆိုသည်။
နောက်ဆုံး ရရှိသည့် သတင်းအရ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် အာဏာပိုင်များမှ ရဟန်းတော်များကို အဆိုပါ ဆန္ဒ ဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံနေကြောင်း သိရသည်။
မောင်အေး (နိဉ္စရာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template