Headlines News :
Home » » နိုင်ငံခြား NGO ၀န်ထမ်း ၄၀ ကျော် အီဂျစ်ထောင်ဒဏ်စီရင်

နိုင်ငံခြား NGO ၀န်ထမ်း ၄၀ ကျော် အီဂျစ်ထောင်ဒဏ်စီရင်

Written By လွင့်မောင်မောင် on Wednesday, June 5, 2013 | 8:53 AM

နိုင်ငံခြား NGO တွေကို မျက်ကွယ်မှာ တရားစီရင်နေစဉ် (၄ ဇွန် ၂၀၁၃)
နိုင်ငံခြား NGO တွေကို မျက်ကွယ်မှာ တရားစီရင်နေစဉ် (၄ ဇွန် ၂၀၁၃)
ရန်ပုံငွေတွေကို အသုံးပြုပြီး အီဂျစ်နိုင်ငံအတွင်းမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြား NGO တွေက အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၅ ဦး အပါအ၀င်၊ ၀န်ထမ်း ၄၃ ဦးကို အီဂျစ်တရားရုံးက စီရင်ချက်တွေ ချမှတ်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက NGO ၀န်ထမ်း အတော်များများကို ထောင်ဒဏ် ၅ နှစ်အထိ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက အများစုကို ပြီးခဲ့တဲ့နှစ်တုန်းက တိုင်းပြည်ထဲကနေ ထွက်သွားခွင့် ပြုခဲ့ပြီးတဲ့နောက်၊ မျက်ကွယ်ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေကို ပိတ်ပစ်ဖို့လည်း တရားရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ NGO တွေထဲမှာ အမေရိကန်အခြေစိုက် Freedom House, the National Democratic Institute (NDI) နဲ့ နိုင်ငံတကာ ရီပက်ဘလစ်ကန် အဖွဲ့အစည်း (IRI) တို့လည်းပါဝင်ပါတယ်။

တရားရုံးရဲ့ စီရင်ချက်ဟာ နိုင်ငံရေးကို အခြေခံပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက်တရပ်ဖြစ်ကြောင်း နဲ့ အလွန်အမင်းစိုးရိမ်ပူပန်ရတဲ့အကြောင်း အမေရိကန် အိမ်ဖြူတော်က ပြောပါတယ်။ ပြီးတော့ ဒီစီရင်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို အကာအကွယ်မပေးတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်းပြောပါတယ်။ အီဂျစ်အစိုးရအနေနဲ့ လူထုအကျိုးအတွက် အလုပ်လုပ်နေတာ ဟုတ်၊ မဟုတ် အိမ်ဖြူတော်က မေးခွန်းထုတ်ထားပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template