Headlines News :
Home » » လှေစီး၍ မလေးသွားရန် ကြံသူများ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ

လှေစီး၍ မလေးသွားရန် ကြံသူများ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ

Written By လွင့်မောင်မောင် on Thursday, June 6, 2013 | 10:20 PM

လှေစီး၍ မလေးရှားနိုင်ငံသို့ သွားရန် ကြံစည်နေသူ အများအပြားကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုရက်ပိုင်း အတွင်း ဖမ်းဆီးလိုက်သည်။
ယခင်ကလည်း မလေးသွားသူများ ဘင်္ဂလာတွင် အလားတူ ဖမ်းဆီးခံခဲ့ကြရသည်။
ယခင်ကလည်း မလေးသွားသူများ ဘင်္ဂလာတွင် အလားတူ ဖမ်းဆီးခံခဲ့ကြရသည်။
ဇွန်လ ၅ ရက်နေ့က လူအယောက် ၄၀ ကို ဘင်္ဂလာရဲက မောင်တောမြို့နယ်နှင့် ဆက်စပ် တည်ရှိသော  အိုခီးယားမြို့နယ် အတွင်း ဖမ်းဆီးလိုက်သည်ဟု ဒေသထုတ် သတင်းများတွင် ဖေါ်ပြသည်။
သူတို့အားလုံးကို မလေးရှားသို့ လှေစီး၍ သွားရန် စီစဉ်နေစဉ် ကော့စ်ဘဇား ခရိုင် အိုခီးယားမြို့နယ် ဘာလုခါလီရွာတွင်  ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရဲတပ်ဖွဲ့က  ဖမ်းဆီးမိသည်ဟု ဆိုသည်။
အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း ကား နှစ်စီးနှင့် အတူ မလေးရှားသို့သွားရန် စီစဉ်နေသူ လူအယောက် ၂၃ ဦး ကို ဘင်္ဂလာနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများသည်  မိုက်ခရို အမျိုးအစား ကားနှစ်စီးနှင့် အတူ ကော့စ်ဘာဇားမြို့မှ  နယ်စပ်မြို့ တက်ကနက်သို့လာရောက်စဉ် ဒုံဒုံမီယာ စစ်ဆေး ရေး ဂိတ်တွင်ဖမ်းဆီးလိုက်သည်။ ၎င်းတို့နှင့် အတူ လူကုန်ကူးသူ ၃ ဦးကိုလည်း ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။
ယခု ဖမ်းဆီးခံရသူများ အထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ပါဝင်ခြင်း ရှိ မရှိကို သတင်းများတွင် တစ်စုံ တစ်ရာ ဖေါ်ပြထားခြင်း မရှိပါ။
နိ ရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template