မလေးရှားတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု များကြောင့်ဆေးရုံရောက် ရှိနေသောမြန်မာများ အတွက် အကူညီအထူးလိုအပ် |
မေလ(၃၀)ရက်နေ.မှ စတင်၍ မလေးရှားနိုင်ငံ အတွင်းဖြစ်ပွား ခဲ့သောအကြမ်းဖက် တိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံ သားလေးဦးသေဆုံး ခဲ.ပြီး၁၅ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိကာဆေးရုံ တက်ဆေးဝါးကုသမူခံ ယူနေရကြောင်းသိရ သည်။
ထိုသို.ဆေးရုံတက်ရောက်ဆေး ၀ါးကုသမူခံယူနေရ သည့်မြန်မာနိုင်ငံသား များအနက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆလာရန်းဆေးရုံ တွင်ဆေး ကုသ ခံယူနေရသော လူနာများ အတွက် ဆေးဖိုး ၊ ဆေးရုံတွင် ပေးရန် ကုသစရိတ် များအတွက် အကူအညီ လိုအပ်နေကြောင်း ၄င်းအသင်း မှ သိရသည်။
ဆေးရုံရောက်မြန်မာနိုင်ငံသားများ အားအကူအညီပေးနိုင်ရေး အတွက်မလေးရောက်မြန်မာနိုင်ငံသား များအားယနေ့ တွင် တတ်နိုင်သလောက် စုပေါင်းကူညီပေးရန် နှင့် နီးစပ်ရာ တာဝန်ရှိ သူများမှ ယနေ့ အကူညီများ လိုက်လံတောင်းခံမည်ဖြစ်ကြောင်း၊ထို့အပြင် နီးစပ်ရာ မြန်မာဆိုင်များ ၊ မြန်မာ အများစုနေထိုင် သည့် နေရာများသို့ အကူညီတောင်းခံ သွားမည်ဖြစ်ကြောင်း နှင့် ရရှိသော ငွေများအားလုံးကို ကပုန်း ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်ထံ လွဲအပ်ကာ လှူဒါန်း သွားမည်ဖြစ်ကြောင်း ထပ်မံ သိရသည်။
သူရထွန်း
Popular Myanmar News Journal