Headlines News :
Home » » ရန်ကုန်ရောက် စင်ကာပူ ကျောင်းသား ၃၀ အစာအဆိပ်သင့်

ရန်ကုန်ရောက် စင်ကာပူ ကျောင်းသား ၃၀ အစာအဆိပ်သင့်

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 12:46 PM


ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။ ။
ဒု တိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ၏ ခွင့်ပြုချက်ဖြင့် ရန် ကုန်သို့ရောက်ရှိနေသော စင်ကာပူ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၃၀ အစာအဆိပ်သင့်မှုတစ်ခု စက် တင်ဘာ ၂၄ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အလည် အပတ် ရောက်ရှိနေသော အဆိုပါ ကျောင်းသားများမှာ စင်ကာပူ နိုင်ငံတွင် လာရောက်ပညာသင် ကြားနေသည့် နိုင်ငံပေါင်းစုံမှ ကျောင်းသား ၊ကျောင်းသူများ ဖြစ်ကာ ယင်းတို့အနက် ၁၂ဦး မှာ ယခု အခါ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက် ရောက် ကုသနေရကြောင်း သိရ သည်။

အဆိုပါ ကျောင်းသားများ မှာ စင်ကာပူနိုင်ငံ NG & EANN POLYTECHNIC မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကာ ယင်းတို့အဖွဲ့တွင် မြန် မာလူ မျိုးဆရာမနှစ်ဦးနှင့် ဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ၃၃ ဦးဖြစ်ပြီး Orchid Hotel ၌ ၁ဝရက်တာ ဘွတ်ကင်ယူထား ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတို့မှာ စက်တင်ဘာ ၂၃ရက်က မြန်မာနိုင်ငံ သို့ လေ့လာ ရေး ခရီးပုံစံမျိုးဖြင့် လာရောက် လည်ပတ်ရန်ရောက်ရှိခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၂၄ရက်တွင် ရန် ကုန်မြို့ တွင်း သို့ သွားရောက်ခဲ့ကာ အပြင်စာများ စားသုံးလာရာမှ ယင်းနေ့ညတွင် ကျောင်းသား၊ ကျောင်းသူများ အားလုံးနီးပါး အစာအဆိပ်သင့်သည့်ပုံစံဖြင့် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပြီး စက်တင်ဘာ ၂၅ရက်တွင် ၁၂ဦးအား ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ပထမဆုံးကလေးတွေ ဒီ လိုဖြစ်ပြီး ကျွန်တော်တို့ကိုလဲ မ ပြောသေးဘဲနဲ့ ၂၅ရက် နံနက် ပိုင်းလောက်မှာ သူတို့ဆေးခန်း သွားတယ်။ ပြီးတော့ ပြန်လာ တယ်။ ဟိုတယ်ပြန်လာတဲ့ပုံစံကို ကြည့်ရတာ တခိျု့က ပျော့ခွေ နေတယ်။ တခိျု့ကလဲ တအား နွမ်းပြီး မျက်လုံးမှိတ်ထားတယ်။ စကားလဲမပြောတော့ ကျွန်တော် တို့အနေနဲ့ ချက်ချင်း နံနက် ၉ နာရီလောက်မှာ အက်စ်အက်စ် စီပို့ပါတယ်။ အဲဒီဆေးရုံက လူ ပြည့်နေလို့ လက်မခံတဲ့အတွက် ကျွန်တော်တို့အနေနဲ့ သက်ဆိုင် ရာအဆင့်ဆင့်ကို တင်ပြခဲ့ပြီး ဂျပန်ဆေးရုံကို ၁၁နာရီလောက် မှာပို့ပေးနိုင်ခဲ့ပါတယ်။ ဟိုတယ် က အေဂျီအမ်အပါအဝင် ဝန် ထမ်းတွေကိုလဲ ဆေးရုံစောင့်ဖို့ ဆောင်ရွက်ပေးသလို ဆန်ပြုတ် တွေလဲ ပို့ပေးနေပါတယ်။ ဆေး ရုံမတက်ဘဲ ကျန်ခဲ့တဲ့ကလေးတွေ ကလဲ အကောင်းချည်းပဲတော့ မဟုတ်တဲ့အတွက် ဟိုတယ်အခန်း နှစ်ခန်းမှာ သူတို့နားနေနိုင်အောင် ဆောင်ရွက်ပေးပြီး ပြင်ပက အ ထူးကုဆရာဝန်တစ်ဦးကိုခေါ် ပြီး စောင့်ကြည့်ဆေးကုပေးထား ပါတယ်''ဟု ORCHID HOTEL   မှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

ဆေးရုံသို့တက်ရောက်ကု သနေသူများမှာ မိန်းကလေးရှစ် ဦးနှင့် ယောကျာ်းလေးလေးဦး တို့ဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်း မာရေးမှာ တိုးတက်ကောင်းမွန် လာပြီဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ် ကြီးမှ တာဝန်ရှိသူအထူးကုသ မားတော်ကြီးက ''ဆေးရုံတက် နေတဲ့သူတွေရဲ့ ကျန်းမာရေးအ ခြေအနေက တိုးတက်ကောင်း မွန်လာနေပါပြီ။ လောလောဆယ် တော့ ဆက်လက် ဆေးကုသမှု ခံ ယူနေပါတယ်။ အားလုံး အခြေ အနေကောင်း ပါတယ်။ အသက် အန္တရာယ်မစိုးရိမ်ရပါဘူး''ဟု ပြောသည်။

ကျောင်းသားများအား ဆေးကုသမှု အခြေအနေများ နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကလည်း လာ ရောက်ကြည့်ရှုခဲ့သည်။ ''ကျွန်တော်လဲ သူတို့တွေ ရဲ့ အစီအစဉ်ဘယ်လိုရှိမှန်းမသိ ခဲ့ပါဘူး။ စင်ကာပူက မိတ်ဆွေ က ဒီလိုကျောင်းသားတွေလေ့ လာဖို့ရှိတယ်ဆိုပြီး ပြောလို့ က လေးတွေလဲဖြစ်၊ တက်ကြွတဲ့လူ ငယ်လေးတွေဆိုတော့ ကိုယ့်နိုင်ငံ လာလေ့လာတာပဲဆိုပြီး အခန်း ခတွေတောင်လျှော့ပေါ့ပြီး ဆောင် ရွက်ပေးခဲ့တယ်။ ဒီလိုတွေ နေမကောင်းဖြစ်လာမှ သူတို့က ဒု သမ္မတဆီတောင် ခွင့်ပြုချက် တောင်းခံပြီး လာရောက်တယ်ဆို တာသိရတာပါ''ဟု မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ဆက်လက်ပြောသည်။ ယင်းကဲ့သို့ အစာအဆိပ် သင့်မှုဖြစ်ပွား သည့်အတွက် ဆက် လက်လေ့လာရန် အစီအစဉ်များ ကို ဖျက်သိမ်းရန်ရှိပြီး ယင်းတို့၏ မိဘများမှာလည်း စိုးရိမ်မှုများ ရှိနေကြောင်းသိရသည်။

ဦးဌေးအောင်က ''ကလေး တွေရဲ့ မိဘတွေတော်တော်စိုး ရိမ်နေကြပါတယ်။ ဖုန်းတွေလဲ မနားတမ်းကို ဆက်လာပါတယ်။ ဒီလိုဖြစ်ပေမယ့်လို့လဲ ကျွန်တော် တို့အနေနဲ့ ဒီလိုမျိုးတွေဆောင် ရွက်တာ၊ ဖြေကြားပေးတာတွေ ကတော့ နာမည်ထက် အသက်က ပိုအရေးကြီးတယ်လို့ ခံယူထား လို့ပါ။ တစ်ခုပြောချင်တာက ကျွန် တော်တို့ဆီမှာ အရေးအကြောင်း ဖြစ်လာရင် ပုဂ်ဂလိကဆေးရုံတွေ အားကိုးလို့မရတဲ့ ပုံစံမျိုးဖြစ် တာကိုတော့ သက်ဆိုင်ရာကိုလဲ ပြောပြထားပါတယ်။ ဒီလိုအ ဖြစ်မျိုး တွေကလဲ ရှေ့လျှောက် မှာ ဆက်ဖြစ်နိုင်တဲ့အတွက် ကျွန် တော့်အနေနဲ့ တခြား ဟိုတယ်တွေ ဆိုရင်လဲ ဒီလိုပဲ ဆောင်ရွက်ပေး နိုင်အောင်ပြောရတာပါ''ဟုဆို သည်။

ငွေစန္ဒီ - Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template