
ရန်ကုန် ၊ စက်တင်ဘာ ၂၇။ ။
ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတ နှင့် ဒုတိယသမ္မတများအရည်အ ချင်းသတ်မှတ်ချက်သည် ဒီမိုက ရေစီစံနှုန်းနှင့်ကိုက်ညီသည့် ပြ ဋ္ဌာန်းချက် မဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။
စက်တင်ဘာ ၂ရရက်တွင် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်း ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ကျင်းပသည့် ပါတီ၏ (၂၅)နှစ် ပြည့်ငွေရ တုနှစ်ပတ်လည်အခမ်း အနားအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည် က ''ဒီ ဟာကလဲ ဒီမိုကရေစီစံနှုန်းစံထား တွေနဲ့ မကိုက်ညီတဲ့ကိစ္စတစ်ခုပါ ပဲ။ ဖွဲ့စည်းပုံကိုကြည့်ရင် ဒီ ၅၉ ကိုတင်ကြည့်ပြီးတော့ မဟုတ်ပါ ဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့ဟာတွေ အများကြီး ပါပါတယ်။ အဲ့ဒီဟာကိုအခြေခံ ပြီးတော့ ပြောင်းလဲရေးကို တောင်း တာပါ''ဟုပြောကြားသည်။
သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်ရန်အရည်အချင်းပြဋ္ဌာန်းချက် ပုဒ်မ-၅၉သာမကဘဲ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ဒီမိုကရေစီစံနှုန်းစံထားများနှင့် မကိုက်ညီသည့်အချက်အလက် များစွာပါဝင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အားမပြင်ဆင်ပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားနေသည်ဟု မယူဆကြောင်း၊ အခြေခံဥပဒေ မပြင်ဆင်ပါက ၂၀၁၅ ရွေးကောက် ပွဲသည် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်လာနိုင် မည်မဟုတ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
''မမျှတတဲ့ဖွဲ့စည်းပုံအခြေ ခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲဆို တာ ဘယ်လိုမှ မျှတနိုင်မှာမဟုတ်ဘူး''ဟု သူမက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)တွင် ''ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ယင်း သားသမီး၏ ဇနီး၊ ခင်ပွန်းများက နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ ကိုခံယူစောင့်ရှောက်ခြင်းခံရခြင်း၊ တိုင်းတစ်ပါးနိုင်ငံသားဖြစ်ခြင်း များမဖြစ်စေရဟု''ဖော်ပြထား သည်။
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါ တီများဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပြင်ဆင်ပြောင်းလဲသင့်သည့် အချက်များနှင့်ပတ်သက်၍ အ ပတ်စဉ်စနေနေ့တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ ဆုံဆွေးနွေးလျက်ရှိကြပြီး စက်တင်ဘာ ၂၈ရက်တွင် အပြီး သတ် ဆွေးနွေးပြီး ပြင်ဆင်ရန်လိုအပ်သည့် အချက်များ တရားဝင် ထုတ်ပြန်
ကြေညာသွားမည်ဖြစ်ကြောင်း သိ ရသည်။
လင်းအောင် - Yangon Media Group