
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မည်သည့် တိုင်းရင်းသားမှ လက်မခံ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ထုတ်ဖော် ပြောကြား လိုက်သည်။
" ဒီဖွဲ့စည်းပုံကို ဘယ်တိုင်းရင်းသားမှ လက်မခံဘူး။ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဖွဲ့စည်းပုံ ကို ပြင်ရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိတွင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစိုးရ အနေဖြင့် သာ တရားဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး NLD အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်ရေးကို ပါ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တရားဥပဒေ စိုးမိုးရေးကို မကြာခဏပြောကြားလုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ၏ ရေရှည် အလားအလာတွင်လည်း တိုင်းရင်းသား အားလုံး၏ ယုံကြည်မှု အပါအ၀င် ကြေနပ်လက်ခံမှု များမရှိပါက ပြည်ထောင်စု သည် အေးချမ်းသာယာမှု မရရှိနိုင်ကြောင်း ထပ်လောင်းပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ယနေ့တွင် ပြုလုပ်သော ၂၅ နှစ်မြောက်ငွေရတု အခန်းအနား ကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် ၊ရွှေဂုံတိုင် ရှိ ရုံးချုပ်ခန်း
မတွင် ကျင်းပခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ မီဒီယာ များကို အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
Popular Myanmar News Journal