Headlines News :
Home » » ဖွဲ့စည်းပုံအသစ်ပြန်ရေးဖို့ ရဲရဲဝံ့ဝံ့တင်သွင်းဖို့ ၃ ပြည်နယ်ညီလာခံ၌ ဆွေးနွေး

ဖွဲ့စည်းပုံအသစ်ပြန်ရေးဖို့ ရဲရဲဝံ့ဝံ့တင်သွင်းဖို့ ၃ ပြည်နယ်ညီလာခံ၌ ဆွေးနွေး

Written By လွင့်မောင်မောင် on Monday, September 23, 2013 | 6:11 PM

 Shan Kayah
                                   တရားလွှတ်တော်ရှေ့နေ  ဦးကိုနီ (ဓါတ်ပုံ-SNLD)

တောင်ကြီးမြို့တွင် ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ်နှင့်မွန်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည် ဆောက်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ထက် အသစ်ပြင်ရေးခြင်းသာ ပိုကောင်း မည်ဟူသည့် ဆွေးနွေးတင်ပြမှုရှိခဲ့ကြောင်း သိရပါသည်။

“တရားလွှတ်တော်ရှေ့နေ  ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲဆိုတာကိုပြောသွား တော့ လူတွေ စိတ် ဝင်စားတယ်။ သူပြောသွားတာက ဖွဲ့စည်းပုံဥပဒေမှာ လူထုဆန္ဒ လုံးဝမပါဘူး။ လုပ် ပိုင်ခွင့်အာဏာ ပြည်သူလူထု လက်ထဲ မှာ မရှိဘူး။  ဒါကြောင့်ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဖို့က အကောင်းဆုံးဘဲ” ဟု ပြောဆိုသွားကြောင်း ဆွေးနွေးပွဲ  တက် ရောက်သည့် သျှမ်းသံတော်ဆင့်အယ်ဒီတာ ဦးခွန်စိုင်းကပြောပါသည်။

၂၀၀၈ ဖွဲ့စည်းပုံတွင်   ပြည်သူ့ဆန်ဒ မည်မျှပါသနည်း ။  တိုင်းပြည်အာဏာ မည်သူ့ဆီမှာရှိသနည်း ဟူသည့်အချက် ၂ ချက် ကိုကြည့်ခြင်းအားဖြင့်  အဆိုပါဖွဲ့စည်းပုံတွင် ဒီမိုကရေစီကျ မကျ ကိုသိနိုင် ကြောင်း ဦးကိုနီက ပြောဆိုသည်ဟု ဆိုပါသည်။  

“ ဖွဲ့စည်းပုံမှာ ပြည်သူ့ဆန္ဒ လုံးဝ မပါဘူး။    တိုင်းပြည် အာဏာကိုဘယ်သူ့ကိုအပ်သလဲ။ ဖွဲ့စည်းပုံထဲမှာပါတော့ အာ ဏာ ရှင်ဟာ လူထု ဖြစ်တယ်လို့ ပြောထားတယ်။  ဒါပေမယ့် လူထုကိုပေးထားတဲ့ အာဏာမှာတခြားသော ဥပဒေပုဒ်မနဲ့ ပြန်ကိုင် ထားတယ်။ အာဏာပြုရေးမှာ စစ်တပ် ၂၅ ရာခိုင်နှုန်း  ကိုင်ထားတယ်။ အုပ်ချုပ်ရေးဘက်မှာလဲ သမ္မတက ကာကွယ်ရေး ပြည်ထဲရေး နယ်စပ်ရေးရာတွေမှာ ရွေးချယ်ပိုင်ခွင့်မရှ်ိ။  ဖွဲ့စည်းပုံကိုလဲလွှတ်တော်ထဲက ၇၅ ရာခိုင် နှုန်းထက်ပိုမှ ပြင်လို့ရ တာ ။ လူထုဘယ်လောက်ဘဲပြင်ချင်ချင် စစ်တပ်က မပြင်ချင်ရင်လုံးဝ ပြင်လို့မရဘူး ။ ဒါကြောင့် လူထုလက်ထဲမှာ အာဏာ မရှိဘူးဆိုတာသေချာနေပြီ။” 

“ ပြည်ထောင်စုစနစ်သုံးနေပြီလို့သူတို့ပြောနေပေမယ့် ပြည်နယ်ဝန်ကြီးချုပ်တွဟာလဲ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာဘဲ ရှိနေတဲ့အတွက် ပြည်ထောင်စုမဟုတ်ဘူး တပြည်ထောင်စနစ်တွေဘဲ။ ပြည်ထောင်စု စနစ်ဖြစ်စေချင်တယ်ဆိုရင်တော့ ဖွဲ့ စည်းပုံကို  အကုန်ပြင်ရမယ်။ ကျနော်သိတဲ့စာရေးဆရာတယောက်ကပြောတယ်။  ဖွဲ့စည်းပုံပြင်မယ်ဆိုရင်တော့ လက်တွေ့ ကျတယ်။ အသစ် ပြန်ရေးမယ်ဆိုရင်တော့ ကြိုက်တဲ့လူများပေမယ့် Side Effect များတယ်။ စစ်တပ်ဘက်က တကျော့ပြန် လာမယ် လို့ပြောတယ်။  အဲဒီစာရေးဆရာက ဘယ်လိုဘဲပြောပြော ကျနော့်အမြင်မှာတော့ အသစ်ပြန်လည်ရေးဆွဲတာ အ ကောင်းဘဲလို့မြင်ပါတယ် ။  အရင်အပတ်က မင်းအောင်လှိုင်က ထိုင်းနိုင်ငံကိုလာလည်တယ်။ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ စကားပြောတော့ ကျနော်တို့တိုင်းပြည်ဟ  နောက်ကြောင်းတကျော့ပြန်မှာမဟုတ်ပါဘူး၊ ရဲရဲဝံ့ဝံ့သာ လာပြီး ရင်းနှီးမြုပ် နှံ ပါလို့ပြောပါတယ်။ ဒါကြောင့် ကျနော်တိုက်တွန်းချင်တာက ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲဖို့ ရဲရဲဝံ့ဝံ့တင်သွင်းကြည့် ကြပါ ” ဟု ဦးကိုနီက ပြောဆိုပါသည်။

စက်တင်ဘာလ ၂၂ ရက်က အဆိုပါဆွေးနွေးပွဲတွင် ၁) SSPP/SSA မှ နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲင်န် ၂) လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ဥက္ကဋ္ဌ ဦးယောသပ် ၃) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးကိုကိုကြီး ၄) ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ပြင်ပဆက်ဆံရေး ဒုတိယဌာနကြီးမှူး သျှောင်း ဆမ် ခွန်း ၅) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန့်ခင်ထွေးမြင့် ၆) တရားလွှတ် တော်ရှေ့နေ ဦးကိုနီ   ၇) ကယန်းအမျိုးသားကာကွယ်ရေးတပ်  KNG  မှ ဆက်ဆံရေးတာဝန်ခံဦးပေါပေါ်  ၈) မွန်ပြည်သစ်ပါတီ မှ တွဲ ဖက်အတွင်းရေးမှူး  (၁) နိုင်အောင်မင်း ၉) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ဥက္ကဋ္ဌ ဦးအေးသာအောင် ၁၀) ကယားလူမျိုး စုဒီမိုကရေစီပါတီ မှ လူငယ်ရေးရာတာဝန်ခံ စိုင်းနိုင်နိုင်ထွေး ၁၁) အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး (၁) ဦးကြည်သန်း ၁၂) သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်
၁၃) ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ဗဟိုကော်မတီဝင် ရဲဘော် မာခူးရီချစ်ထွန်း
၁၄) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်၁၅) မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ (MIPSS) မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုး
၁၆) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး ၁၇) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးစောလုံ့လုံ ၁၈) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၁၉) ကယန်းအမျိုးသားပါတီမှ အတွင်းရေးမှူး (၁) ဦးခွန်းမျိုးဦး၂၀) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) မိုင်းလား မှ ငြိမ်းချမ်းရေးနှင့် စည်းရုံးရေး ကော်မတီ ခေါင်းဆောင် ဦးခမ်းမောင်တို့ ဟောပြောခဲ့ပါသည်။

တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံး တွင်ကျင်းကသော ၃ ပြည်နယ် ဆွေးနွေးပွဲ သို့ ပါတီနှင့် လက်နက် ကိုင်အဖွဲ့ပေါင်းစုံကိုယ်စားလှယ်များနှင့် စာပေယဉ်ကျေးမှုကော်မတီမှ အသင်းဝင်များ စုစုပေါင်း  ၂၆၀ ကျော်တက်ရောက်ခဲ့ သည်ဟု ဆိုပါသည်။ စက်တင်ဘာလ ၂၃ ရက် ယနေ့ ဆွေးနွေးပွဲနောက်ဆုံးရက်တွင် ကြေငြာချက်တစောင် ထုတ်ပြန်မည်ဟု ကြားသိရပါသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template