Headlines News :
Home » » တရုတ် စစ်တပ်အရာရှိကြီးတွေ စစ်ဆေးခံရတော့မယ်

တရုတ် စစ်တပ်အရာရှိကြီးတွေ စစ်ဆေးခံရတော့မယ်

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 7:54 AM

 
တရုတ်နိုင်ငံမှာ စစ်တပ်အရာရှိကြီးတွေဟာ ရာထူးမတက်ခင်မှာပဲ ဖြစ်ဖြစ်၊ အငြိမ်းစားယူတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု စာရင်းတွေ အစစ်ဆေးခံရတော့မယ်လို့ အစိုးရပိုင် မီဒီယာမှာ ရေးသား ထုတ်ပြန် ခဲ့ပါတယ်။

တပ်ရင်းမှူးအဆင့် နဲ့ အထက် အရာရှိတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဝန်ထမ်းရေးရာတွေ၊ ဌာနပိုင်နဲ့ ကိုယ်ပိုင် ကားတွေ၊ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ပိုင်ခွင့်အာဏာ အသုံးချမှုတွေအပေါ် စစ်ဆေးခံရမယ်၊ ဒီလို လုပ်တာဟာ အဂတိလိုက်စားမှု ကင်းရှင်းရေးနဲ့ လုပ်ငန်း ကျင့်စဉ်တွေ အပေါ် စစ်ဆေးဖို့ ဖြစ်တယ်လို့ တရုတ်ဗဟို စစ်ကော်မရှင်က ပြောပါတယ်။

အဂတိလိုက်စားမှုဟာ တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ တရုတ်သမ္မတလည်းဖြစ် တရုတ် ဗဟို စစ်ကော်မရှင် ဥက္ကဌလည်းဖြစ်တဲ့ ရှီဂျင်ပင်းက ပြောထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template