အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင့်သည့်(၂၅)နှစ်ပြည့် ငွေရတု
နှစ်ပတ်လည်နေ့
အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နံနက် ၉း၃၀ က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဌာနချုပ်တွင် ကျင်းပခဲ့ သည်။
အခမ်းအနားတွင် အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးတင်ဦးက
အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ချုပ်ဥက္ကဌ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် ကအမှာစကားပြောကြားခဲ့သည်။
ထို့ နောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅)နှစ်ပြည့်  ငွေရတုနှစ်ပတ်လည်နေ့
ထုတ်ပြန်ကြေငြာချက်ကို အဖွဲ့ ချုပ်(ဗဟို)ရုံးအဖွဲ့မှူး ဦးသိန်းဦးက
ဖတ်ကြားခဲ့ပြီး ပေးပို့လာသောနိုင်ငံရေးအဖွဲ့အစည်း အသီး သီးမှသ ၀ဏ်လွှာ
များကို မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။သဘာပတိကြီးကနိဂုံးချုပ်အမှာစ
ကားပြော ကြားခဲ့ပြီး
အခမ်းအ နားပထမပိုင်းပြီးဆုံးခဲ့သည်။
အခမ်းအနားသို့သံတမန်များ၊၀ါရင့်နိုင်ငံရေးသမားကြီးများ၊နိုင်ငံရေးပါတီများ၊
(၈၈)မျိုးဆက်ပွင့်လင်းလူ့ဘောင်အဖွဲ့မှခေါင်းဆောင်များ
တင်ရောက်ခဲ့ကြသည်။
အခမ်းအနား ဒုတိယ ပိုင်းတွင် ပန်းရဲ့လမ်းနှင့်
ပန်းပျိုးလက် တေးဂီတအဖွဲ့ကဧည့်ခံဖျော်ဖြေခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-
National League for Democracy