Headlines News :
Home » » ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို တင်ဆောင်လာသော သင်္ဘောမှာ ရာသီဆိုးရွားမှုကြောင့် မြိတ်ကျွန်းစုအတွင်းရှိ မလိကျွန်းတွင် ခိုနားနေရ

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို တင်ဆောင်လာသော သင်္ဘောမှာ ရာသီဆိုးရွားမှုကြောင့် မြိတ်ကျွန်းစုအတွင်းရှိ မလိကျွန်းတွင် ခိုနားနေရ

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 9:07 AM

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို တင်ဆောင်လာသော သင်္ဘောမှာ ရာသီဥတု ဆိုးရွာမှုကြောင့် မြိတ်ကျွန်းစု အတွင်းရှိ မလိကျွန်းတွင် ခိုနားနေရကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက်တွင် ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသားများအား ကော့သောင်းမြို့ရှိ တော်ဝင်တံတားမှ ပြည်ဖြိုးထွန်း ၁၅ သင်္ဘောဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်္ဘောမှာ ကော့သောင်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး ကျွန်းစုမြို့နယ် ကမ်းကြီးရွာအနီးတွင် စက်တင်ဘာ ၂၀ ရက်က စက်ချွတ်ယွင်းမှုကြောင့် ရပ်နား နေခဲ့ရကြောင်း သိရသည်။ ''သင်္ဘောက ကော့သောင်းကနေ ထွက်သွားတာ ၅ ရက်ကျော်သွားပါပြီ။ ဒီက မိသားစုတွေက ထောင်မှာ သေနတ်ပစ်ခံရတုန်းက တစ်ပူ၊ ထောင်ပြောင်းတုန်းကလည်း တစ်ပူ၊ အခု လမ်းခရီးမှာ တစ်ခုခုဖြစ်နေပြန်ပြီးလား ဆိုပြီးတော့ တစ်ပူဖြစ်နေပါတယ်။ အဲဒီသဘောင်္ ဘယ်ကိုရောက်နေတာလဲဆိုတာ သိချင်နေကြတယ်'' ဟု ကော့သောင်းမြို့မှ အကျဉ်းသားများ၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။
အဆိုပါသင်္ဘောမှာ ဆက်လက်ထွက်ခွာလာရာ ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းနား အရောက်တွင် ရာသီဥတုဆိုးရွားမှုကြောင့် စက်တင်ဘာ ၂၁ ရက်တွင် မလိကျွန်း၌ ခိုနားနေခဲ့ရကာ စက်တင်ဘာ ၂၁ ရက်တွင် ပင်လယ်ပြင်အတွင်း လှိုင်းလေ ပြင်းထန်နေသောကြောင့် မလိကျွန်းသို့ ခဏ၀င်ခိုနေခဲ့ရသည်။
''မလိကျွန်းမှာကတော့ ရေတပ်စခန်း ရှိပါတယ်။ ဒီသတင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ဆီကို ဆက်သွယ် အကြောင်းကြားထားခြင်း မရှိသေးပါဘူး'' ဟု ကျွန်းစုရေတပ် စခန်းဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းသင်္ဘောမှာ စက်တင်ဘာ ၂၄ ရက် နံနက် ၇း၃၀တွင် မလိကျွန်းရေတပ် အခြေစိုက်စခန်းမှ ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း ရာသီဥတု ဆိုးရွားနေမှုကြောင့် စက်တင်ဘာ ၂၈ ရက်မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ''မလိကျွန်းမှာ လှိုင်းကြီးနေလို့ ခိုနေရတယ်လို့ ပြောတယ်။ စက်တင်ဘာ ၂၈ မော်လမြိုင်ကို ထွက်မယ်လို့ သိရတယ်''ဟု ပုလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကျဉ်းသားတစ်ရာကျော် တင်ဆောင်လာသည့် ပြည်ဖြိုးထွန်း ၁၅ သင်္ဘောမှာ ပင်လယ်ပြင်အတွင်း ရှစ်ရက်ကျော် ကြာနေပြီဖြစ်ကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template