Headlines News :
Home » » ပါကစ္စတန် မြေငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

ပါကစ္စတန် မြေငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 12:37 AM

ငလျင်ကြီးကြောင့် ပင်လင်ကြမ်းပြင် ကြွတက်သွားပြီး ရေပေါ် ပေါ်ထွက်လာတဲ့ ကျွန်းငယ်ပေါ်မှာ လူတွေ လမ်းလျှောက်နေကြစဉ်။
ငလျင်ကြီးကြောင့် ပင်လင်ကြမ်းပြင် ကြွတက်သွားပြီး ရေပေါ် ပေါ်ထွက်လာတဲ့ ကျွန်းငယ်ပေါ်မှာ လူတွေ လမ်းလျှောက်နေကြစဉ်
ပါကစ္စတန် အနောက်တောင်ပိုင်းမှာ အင်္ဂါနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂၇ ယောက် ထက်မနည်း ရှိသွားပြီလို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဘာလူချီစတန်ပြည်နယ် Awaran ခရိုင်က ရွှံ့မြေနဲ့ဆောက်ထားတဲ့ အိမ် ထောင်ပေါင်းများစွာဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရတာပါ။

တခြားလူ ရာပေါင်းများစွာဟာလည်း ဒဏ်ရာတွေ ရပြီးတော့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ဆေးရုံဆီ ပို့ဖို့ ကြိုးစားနေပေမဲ့ အပျက်အစီးက ကျယ်ပြန့်ကြီးမားတာကြောင့် သူတို့လုပ်ငန်းတွေ အတားအဆီး အနှောင့်အယှက် ဖြစ်နေရပါတယ်။

အီရန်နဲ့နယ်စပ် အဲဒီဒေသမှာ ငလျင်ဒဏ် သင့်သူတွေအတွက် ရွက်ဖျင်တဲတွေ၊ ဆေးဝါးတွေ၊ အစားအစာတွေ အရေးတကြီးလိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အကူအညီပစ္စည်းတွေ ပေးဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ စစ်တပ် တပ်ဖွဲ့ဝင်တွေကို အဲဒီဒေသဆီ လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနရဲ့ တိုင်းတာချက်အရ ပြင်းအား ၇ ဒဿမ ၇ ရှိတဲ့ အင်္ဂါနေ့က
ငလျင်ကြီးကြောင့် ပင်လင်ကြမ်းပြင် ကြွတက်သွားပြီး ကျွန်းငယ်လေးတစ်ခု ပေါ်လာခဲ့ပါတယ်။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template