

လယ်တီဆရာတော်ဘုရားကြီး၏ သာသနိကအဆောက်အဦးများအား ထိမ်းသိမ်းရေးဆန္ဒထုတ်ဖော်သူများနှင့် ဖြေလျော့ရေးအဖွဲ့ သဘောတူညီချက်စာချူပ်အား ခရိုင်အုပိချုပ်ရေးမှူး နှင့် ဆန္ဒဖော်ထုတ်လမ်းလျှောက်သူများ ပြေလည်စွာ ဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီဖြစ်ပါသည်။
လက်ပန်တောင်းဒေသက လယ်တီဆရာတော်ကြီး သိမ်နဲ့စေတီကို ကြေးနီစီမံကိန်း နယ်မြေကနေ ထိန်းသိမ်းရေးအတွက် မန္တလေးတိုင်း အမရပူရမြို့နယ်ကနေ လက်ပန်တောင်းတောင်ခြေအထိ လမ်းလျှောက်ချီတက်လာသူတွေဟာ မနေ့ညက စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား ဓမ္မာရုံမှာ တညနားပြီး ဒီနေ့မနက်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှနှိုင်းရာ မနက်ပိုင်းက အဆင်မပြေခဲ့ပါ။ အဲဒီ့မှာ စစ်ကိုင်း(၃) အမျိုးသားလွှတ်တော် NLD အမတ် ဒေါက်တာမြင့်နိုင်က ကြားဝင်ဆွေးနွေးခဲ့ပြီး အခုနေ့လယ်မှာ သဘောတူညီမှု အချက်(၃)ချက် ရရှိထားကြောင်း သိရပါတယ်။
သဘောတူညီမှုတွေကတော့ အကြမ်းအားဖြင့်
(၁) လယ်တီသိမ်နဲ့စေတီကို မူလနေရာကမရွှေ့ရေး လွှတ်တော်ကို တင်ပြဆွေးနွေးစဉ် မည်သည့်အကြောင်းနဲ့မျှ မပျက်စီး၊ မပြောင်းရွှေ့ပါ၊
(၂) ဘုရားဖူးပြည်သူ(၅)ယောက်ထက်မပို ဖူးမျှာ်နိုင်ရန် (၃ရက်အတွင်း ခွင့်ပြုမိန့်တောင်းရမည်)၊
(၃) စက်တင်ဘာ ၂၉ ရက်န့က မန္တလေးကနေ လမ်းလျှောက်ချီတက်လာသူတွေကို အရေးယူမှု မပြုရန် တို့ ဖြစ်ကြပါတယ်။