Headlines News :
Home » » အမျိုးသားရင်ကြားစေ့ရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့တွင် တပ်မတော်အနေဖြင့် ပါဝင်လာရန် ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ မျှော်လင့်

အမျိုးသားရင်ကြားစေ့ရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့တွင် တပ်မတော်အနေဖြင့် ပါဝင်လာရန် ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ မျှော်လင့်

Written By လွင့်မောင်မောင် on Tuesday, October 1, 2013 | 8:39 AM



အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်အား ပူးပေါင်းပါဝင်လာရန် မျှော်လင့်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ အမျိုးသား ဒီမိုကရေစီချုပ် ရုံး၌ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

တပ်မတော် ပါဝင်လာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် စစ်တပ် ပါဝင်လာဖို့ ၁ဝဝ ရာခိုင်နှုန်း မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့တွင် စစ်တပ်မှ ပါဝင်လာပါက မိမိတို့ တိုင်းရင်းသားအားလုံးက လက်ကမ်း ကြိုဆိုမည်ဟု ထင်ကြောင်း၊ မကြိုဆိုနိုင်စရာ မရှိကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ကြိုဆိုမည်သာ ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“အမျိုးသား ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် စစ်တပ်က ပါဝင်လာမယ်၊ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ကျွန်မတို့ တိုင်းရင်းသားတွေက အားလုံး ကြိုဆိုမယ်လို့ ထင်ပါတယ်။ မကြိုဆို စရာ အကြောင်း ဘာရှိလဲ။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ကြိုဆိုမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း “ဒီနေ့ မြန်မာ့နိုင်ငံရေး လောကမှာ တပ်မတော်က ဘာပဲဖြစ်ဖြစ် ပါဝင်နေတဲ့ အနေအထားမှာ ရှိတယ်။ ဖွဲ့စည်းပုံ အရလည်းပဲ ပါဝင်နေတာဟာ ဒီဘက်ခေတ်မှာ ရှိနေတော့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေး တည် ဆောက်တဲ့နေရာမှာ တပ်မတော် ပါဝင်လာမှုကို ကျွန်တော်တို့က လိုလားပါတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ တပ်မတော်သည် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်သည့်နေရာတွင် မူလတာဝန် ဖြစ်သည့် ကာကွယ်ရေးတာဝန်ကိုသာ ယူရမည်ဖြစ်ကြောင်း၊ သို့သော်လည်း တပ်မတော်သည် ယခုအချိန်၌ လွှတ်တော် တွင် သာမက အစိုးရအဖွဲ့များတွင်ပါ အတိုင်းအတာ တစ်ခုထိ ပါဝင်နေကြောင်း၊ ယခုကဲ့သို့ ပါဝင်နေမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲသည်နှင့် တစ်ပြိုင်နက် ပြောင်းလဲရမည် ဖြစ်သည့်အတွက် ပြုပြင် ပြောင်းလဲရန် တပ်မတော်လည်း ပါဝင်လာရန် လိုအပ်ကြောင်း ဦးအေးသာအောင်က သုံးသပ်ပြောကြားသည်။

ယခုလက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ရန် (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာများအထိ ဆင်းကာ ပြည်သူ့ဆန္ဒ သဘောထားများကို ကောက်ယူသွားမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ ၁၃ ပါတီနှင့် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားသွားချက်အရ သိရှိရသည်။
ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template